Monday, May 7, 2007

10 Weird Things about me


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ Thyda ဖြစ်ပါတယ်။

Ko Thant Zin Aung tagged me about this topic. I am sorry that this post is a bit late but as it is just for fun, here are my weird things (which my friends mentioned. I do not think myself that those are weird;-))

1. I wash my hand , hundred of times in one day. (After I use public train, after I touch (I think I touch) some dust on my table before working and etc)

2. I listen to the songs overnight (without sleep) sometime. And I'd like to wake up with songs and I'd like to go to bed with songs.

3. I do so many things at the same time especially in the evening time. (while I am eating dinner, I am surfing the Internet, chatting with friends (sometime with 5 friends at the same time), watching TV, listening to the YouTube songs over the Internet, reading blogs, receiving hand-phone call, sending sms message via hp, replying internet emails ;-))

4. I'd like to buy the most expensive material which I believe that it is the best one. And I allocated expenses for each day. For example, If I bought Estee Lauder Make-up with a price of Yen 6,000 and I guess I would use it about one year, So , 500 yen for one month, 16 yen for one day. So, it seem too cheap for me. I encourage other friends to calculate like this ;-)

5. After you read No.4, you might think, I am always with make-up. Please wait. When I was a student here, I even went to very early (for me) class without washing my teeth sometime. (no ladies do like this, I guess. But after a class, I went back my room and wash;-) I don't have that habit now) still now, I do not have any make-up, any lotion sometime.

6. I am very lazy to use mosquito net whenever I go to bed(but whenever mosquito bite me, I never kill mosquito.) Luckily there are no mosquito in my place now. So, I can not count this in my list. Then another Weird No6. I do not find any ways except running into hot shower whenever I felt cold in the Winter (under 0 to -15C).

7. I am very sensitive for bad smell a lot so I use a lot of fragrance materials.

8. I hate stranger guys talking about me when I pass by or approaching to me. ( I physically attack to them when I was young..like punch, kick their bicycles:-D

9. When I check the Internet, I often lay down ,put my lap-top on my stomach with a pillow under it;-)

10. When I am not in the mood, I'd like to kick everything in front of my eyes:-P

------Ok, I've done. Believe it or not;-p-----Then I need to tag to other 3 blogger--

1.Ko Phoe Htaung
2.Spiritcorner
3.PanPwintLay

ဆက်ဖတ်ပါဦး...

Thursday, May 3, 2007

နာလည်း Tag ပြီဟေ့..


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ခွန်မိုးကျော် ဖြစ်ပါတယ်။


ဘယ်သူစထွင်လဲတော့မသိ.. ဘလော့ဂါတွေအတော်အများ တက်နေကြတော့ ကိုလည်း.. လိုက်တက်ရတာပေါ့.. ခေါတ်နောက်ကျတော့မယ်.. မဖြစ်ချေဘူး... ကိုစေတန် ကောင်းမှုလည်းပါတာပေါ့..

..ဟီး.. :D ကိုယ့်ဂုဏ်ကိုဖော်ကြည့်တာ...

1. ရုပ်ရည်အရည်အချင်း - မြင်သူတိုင်းက တွေ့သည့်နေရာတွင် တွေ့ကရတုတ်ဖြင့် ရိုက်ချင်စရာ ကောင်းလောက် အောင် ရုပ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်..

2. အသံအနေအထား - သီချင်းဆိုလျှင် အဲလက်(စ်)အသံနှင့်မဆင်ပါ...။ စည်သူလွင်နှင့်လည်းမတူပါ..။ အသံကြားရသူတိုင်းက ခွေးဟောင်သံက သည်ထက်နားထောင် လို့ ပိုကောင်းသည်ဟုသာ မှတ်ချက်ပြုကြသည်..။

3. အပြောအဆို - ပြေပြစ်ချောမွေ့သည်..။ အသံသာသည်..။ နားဝင်ချိုသည်.. အထက်ပါ အရည်အချင်းများ လုံးဝမရှိ...။

4. သူငယ်ချင်းစုစုပေါင်း.. အင်း... အာရှလူဦးရေကို '0' နှင့်မြောက်ပြီး.. '0' ဖြင့်ပေါင်းလျှင် ရနိုင်သည်..။ (:D စတာ... ဟုတ်ပါဝူး.. နည်းနည်းတော့ရှိတယ်..)

5. သူငယ်ချင်းများနှင့် စကားပြောဆိုချိန်တွင် ကြိုတင် အလွတ်ကျက်မှတ်ထားသော ကဗျာ စာသားများကို ရွတ်ပြကာ.. ဆရာကြီး ဂိုက်ဖမ်းလေ့ရှိသည်..။

6. မိန်းကလေးများရှေ့တွင် သူရဲကောင်းလုပ်ပြတတ်သည်..။ ဥပမာ စက်ခန်းချိန်တွင် မိန်းကလေးများရှေ့တွင် လက်ကွက်ကို အရမ်းမြန်အောင် ရိုက်ခြင်းမျိုး...။

7.သန့်သန့်ရှင်းရှင်း ၀တ်ဆင်မထားတတ်၍ မသိသောသူဆိုလျှင် အမိုက်ကောက်သမားဟု အထင်မှားရလောက်သည်...။ (ထို့ကြောင့် တွေ့သည့်နေရာတွင် တွေ့ကရတုတ်ဖြင့် အရိုက်ခံရလောက် အောင် ဖြစ်သည်မှာ.. မထူးဆန်း..)

8. ကွန်ပျူတာညလုံးပေါက် ဂိမ်းဆော့၊ ဟိုကြည့်ဒီကြည့်လျောက်လုပ်ကာ မနက်ကျောင်းတွင် အိပ်ငိုက်ချိန်တွင် စာများကိုလွှဲချ၊ အလုပ်ကိုလွှဲချ လုပ်တတ်ခြင်း....။

အဲဒါပဲ.. ရှိတော့ဝူး.. :D.. စဉ်းစားလို့ရတော့ဝူး..

အရင်တစ်ခါက Tag လုပ်လိုက်တာက ပြီးစလွယ်လုပ်ခဲ့မိတာကို တောင်းပန်ပါတယ်... ဒီတစ်ခါ အတည်ရေးတာပါ.. ကျွန်တော် နေမကောင်းတုန်း ထရေးလိုက်မိတဲ့ဟာတွေပါ.. အရင်တစ်ခါက..

ဆက်ဖတ်ပါဦး...

ကျွန်မဧ။်ကကြိုးကကြောင်အကျင့်များ


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ July ဖြစ်ပါတယ်။


ဘာညာတစ်ကောင်က Tag ပါ Tag ပါဆို၍ ကျမ Tag လိုက်ရသည်။ သူများတွေလိုတော့ ဘလောက်ကနေတစ်ဆင့်အတတ် မခံရဘူး။ ဘာညာကိုယ်တိုင်သက်ရှိထင်ရှား ဘေးမှာ တစ်ပူပူတစ်ဆာဆာ လုပ်နေသောကြောင့်ရေးပါတော့မည်။

၁။ ကျွန်မသည်အလွန်တရာမှ ရက်ရောတက်သူတစ်ယောက်ဖြစ်ပါသည်။စိတ်လိုလျှင် (ဆယ်ရက်တစ်ခါဖြစ်ခဲပါသည်)အလှူခံများကို ပိုက်ဆံလှူတက်ပါသည်။ပိုက်ဆံ တစ်၇ာထည့်လျှင် အလှူခံခွက်ထဲမှ
ငါးဆယ်လောက်ပြန်ယူတက်ပါသည်။အကြွေ ပြန်အမ်းခိုင်းသောသဘောမျှသာဖြစ်ပါသည်။ဒီအကျင့်ရှိသောကြောင့်
ကျွန်မကိုယ်ကျွန်မ မုန်းပါသည်။ကျွန်မနှင်.အကျင့်ချင်းတူသူများကို ကျွန်မ မပေါင်းပါ အပေါင်းအသင်းမလုပ်ပါ။

၂။ကျွန်မတွင် ကြီးမားသော အရှေ့သွားကြီးနှစ်ချောင်းရှိပါသည်။ထိုသွားကြီးနှစ်ချောင်းကို ကျွန်မဘယ်တော့မှ
အသုံးမချပါ။ ဇီးထုပ်ဖောက်လျှင်ပင် အထဲကသွားနှင့်ပင် ကိုက်ဖောက်တက်ပါသည်။မရမ်းသီးဖတ်လေးတွေ
ကိုပင် ထိုသွားနှစ်ချောင်းဖြင့် မစားပါ။ ထိုသွားနှစ်ချောင်းကို ပိုးမွေးသလိုမွေးထားပါသည်။
မကြာခဏ အိပ်မက်ထဲတွင် ထိုသွားကြီးနှစ်ချောင်း ကျိုးသွားသည်ဟုအိပ်မက် မက်တက်ပါသည်။
ထိုအခါမျိုးတွင် ကျွန်မသည်အိမ်မက်ထဲတွင် ကျယ်လောင်စွာငိုကြွေးတက်ပါသည်။ထို့ကြောင့် အိမ်ကလူများသည် ကျွန်မနှင့်ဘယ်တော့မှ အတူတူလာမအိပ်ကြပါ။

၃။ကျွန်မတွင်နားရွက်တစ်စုံရှိပါသည်။(တစ်စုံမရှိလို့ ဘယ်နှစ်စုံရှိရမလဲ တော်တော်ရှည်တဲ့မိန်းမပဲ ကိုယ့်ဟာကိုယ်လဲ တခါတလေရန်ဖြစ်နေတက်ပါသည်။) ရှင်းအောင်နားထောင်စမ်းပါ ပြောလို့မပြီသေးဘူး
လေ။(ပြောပြောမြန်မြန်ပြော သိပ်ရစ်တာပဲ စိတ်မရှည်တော့ဘူး။)တစ်စုံတွင်နှစ်ခုရှိပါသည်။(သူပြောမှလား
လူတိုင်းသိတယ်။)ပါးစပ်ပိတ်ထား ......အဲဒီနှစ်ခုသည် တခုနှင့်တခု မတူပါ။တစ်ခုသည်ပှံမှန် နားရွက်ဖြစ်ပြီး
တစ်ခုသည် လူနားရွက်နှင့်မတူပါ။နားရွက်အပေါ်ပိုင်းသည် ချွန်ချွန်ကြီးဖြစ်နေပါသည်။(အိမ်က လူတွေကတော့
Dog Ear )ဟုခေါ်ပါသည်။ထို့ကြောင့် ကျွန်မသည်အပြင်ထွက်လျှင် ဘယ်တော့မှ ဆံပင်မစီးပါ။နားရွက်ကို လူတွေ တွေ့သွားမှာစိုးပါသည်။ထိုကြောင့် ဆံပင်ကြားထဲတွင်အမြဲတမ်းဖွက်ထားတက်ပါသည်။မပြည့်စုံတဲ့ဘ၀ကို အားငယ်လို့ပါ။.........ခွိ...ခွိ...ခွိ

၎။ကျွန်မသည်အသံကြားသနားပါစေ...ဆိုသောဆုတောင်းမှားခဲ့ပါသည်။ ကျွန်မသည် ပှံမှန်စကားပြောနေချိန်တွင်
ရန်ဖြစ်နေသည်ဟု ဘေးလူများက ထင်တက်ပါသည်။ဒေါသဖြစ်လျှင်တော့ လမ်းကြိတ်စက် သုံးစီးလောက်
အသံကို အသားလေးကျော်ပြောနိုင်ပါသည်။ကျွန်မတွင်ကြီးမားသော အသံကို ပိုင်ဆိုင်ထားပါသည်။

၅။ကျွန်မသည်ဒေါသထွက်လာလျှင် အသံကုန်အော်ပါတော့သည်။အသံကပိုက်ဆံပေးစရာ မလို။အလကားရပါသည်။ကျွန်မဧ။် ပစ္စည်းများကိုတော့ လက်ဖျားနှင့်တောင် မထိတက်ပါ။
ပျက်ဆီးသွားမှာ ကြောက်ပါသည်။အရမ်းကိုနှမြောတက်ပါသည်။

၆။အားပီးလျှင် ဘွတ်...ဘွတ်....ဘွတ် ဟုကျယ်လောင်စွာ ပါတက်သောလူများကို လုံးဝကြည်လို့မရပါ။တော်တော်မုန်းပါသည် ။ကျွန်မသည်ဘယ်တော့မှ အသံမထွက်ပါ။တကယ်ပြောတာ....
မယုံရင်.............????????????????????????????????????................................................................
.
.
.
မယုံလည်းနေပေါ့........................... ဟားဟားဟား

၇။ကျွန်မသည်အပြင်ထွက်ရခြင်းကို အရမ်းဝါသနာပါသည်။အပြင်မထွက်ရလျှင် ထမင်းစားမ၀င်ပါ။
(မုန့် စားလို့ပါ။) အိပ်၍မပျော်ပါ (နေ့လည်ဘက် အိပ်သောကြောင့် ဖြစ်ပါသည်။)သွားဖို့နေရာ မရှိလျှင်
ပဒုမ္မာလမ်းမှ ထွက် ဗားကရာလမ်း အတိုင်းလျှောက်ပြီး ဒဂုံစင်တာ နားထိရောက်အောင်သွားပြီး မရောင်မလည်နှင့် ဂမုန်းပွင့် ထဲသို့ သွားပြီး ၀င်းဒိုး ရှော့ပင်း ထွက်ပါသည်။ပြီးလျှင် ဓမ္မစေတီ လမ်းဘက်လျှောက်
ပြီးဓာတ်ဆီဆိုင်နားရောက်လျှင် ပြည်လမ်းမပေါ်သို့တက်ပြီး စမ်းချောင်းလမ်းအတိုင်းလာပြီအိမ်ရှေ့ကို
ုနှစ်ခေါက်လောက် ဖြတ်လျှောက်ပြီးမှ အိမ်ပေါ်တက်လေ့ ရှိပါသည်။ထိုအခါမျိုးမှ စားဝင်အိပ်ပျော်လေ့ရှိပါသည်။

၈။သူများအကြောင်းပြောရခြင်းကို ပျော်မွေ့ပါသည်။ဘာလာဂေါက်မရှိလျှင် ဘာညာနှင့်ကျွန်မသည် သူ့အကြောင်းကိုပြောပြီး ဘာညာမရှိလျှင် ကျွန်မနှင့် ဘာလာဂေါက်သည်သူမအကြောင်းကိုပြောလေ့ရှိပါသည်
သူတို့မရှိလျှင်အခြားသူများနဲ့သူတို့ အကြောင်းပြောလေ့ရှိပါသည်။သူများအကြောင်းပြောလျှင် တဟီးဟီး
တဟားဟားနဲ့ ပျော်ရွှင်နေတက်သည်။ကိုယ့်အကြောင်းအတင်းတုတ်သည်ဟုကြားလျှင် အသားများတုန်အောင်ပင်ဒေါသ ထွက်ပြီးလုံးဝမခေါ်တော့ပါ။

၉။ကျွန်မတွင်ပေါပေါများများသုံးသောအရာမှာ ကပ်စေးနှဲခြင်း ဖြစ်ပါသည်။အရာရာကိုနေရင်းထိုင်ရင်းကပ်စေး
နဲနေတက်သည်။ အားပီးလျှင်ပင်ဘယ်တော့မှ အားလုံးကုန်အောင်မပါတက်ပါ။(၀မ်းချုပ်နေလို့ပါ)

၁၀။ကျွန်မစကားပြောလျှင် ဆယ်ခွန်းပြောလျှင် တစ်ခွန်းပဲအမှန်ပါသည်။စကား အပိုတွေကို နည်းနည်းများများ
ပိုပြောတက်ပါသည်။အခုရေးလိုက်သော ဆယ်ချက်တွင်အောက်ဆုံးအချက်သည် အမှန်ဆုံးဖြစ်နိုင်ပါသည်။
အထက်ပါအချက်များသည် ပိုပြောသောအချက်များဖြစ်နိုင်ပါသည်။

ဆက်ဖတ်ပါဦး...

အများနဲ့မတူတမူထူးခြားသော အမူအကျင့် (၁၀) ချက်


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ MelodyMaung ဖြစ်ပါတယ်။


၁) မုံ့စားရတာပဲကြိုက်တယ်။ အများကြီးလဲစားနိုင်တယ်။ ၃-၄ ရက်ထမင်းမစားပဲလဲ နေနိုင်တယ်။ဘူဖေးလိုမျိုးစားရင် ၂နာရီလောက်ကြာအောင် တအိအိနဲ့စားနိုင်တယ်။ Defrag Run ပြီး ဘူဖေးစားနည်းနိတ်သယီးထဲမှာပြောခဲ့သလိုပေါ့ စကားပြောလိုက် ထသွားလိုက်နဲ့လေ ဟီးဟီး

၂) နေ့တိုင်းကော်ဖီမသောက်ပဲ မနေနိုင်ဘူး။ အနဲဆုံး တရက် ၂ခွက်လောက်တော့ သောက်ရမှ။ပစ်စုပ်ပန်ကိုမေ့ပြီး မူးချင်တဲ့အခါ အရက်မသောက်ရရင်ကော်ဖီပြင်းပြင်း espresso လိုမျိုးကို သောက်တတ်တယ်။ (မူးရင်လဲ ရမ်းတတ်တယ်။ မကျေနပ်တဲ့သူတွေကို သဲနဲ့ပက်တာမျိုး အနားမှာရှိတာနဲ့ကောက်ပေါက်တာမျိုးလဲ လုပ်တယ်တယ်နော် သတိသာထား )

၃)ဆက်စီဖြစ်တဲ့ အ၀တ်အစားတွေဝတ်ရတာကြိုက်တယ်(တခါတလေ ခွေးတောင် လိုက်ဆွဲတယ် ကိုက်ချင်စရာကောင်းလို့ဖြစ်မယ်)

၎) အသုံးအဖြုန်းကြီးတယ် လုံးဝဈေးမဆစ်တတ်ဘူး(ပါသမျှအကုန်သုံးမိလို့ အိမ်ပြန်တော့ Taxi ခတောင် အိမ်ရောက်မှ ရှင်းလေ့ရှိဖူးတယ်) အဲဒါကိုကြောက်လို့ ထွက်ပြေးတဲ့ ရည်းစားလဲများပေါ့

၅) ပျော်ရင်ဖြစ်ဖြစ် ၀မ်းနည်းရင်ဖြစ်ဖြစ် ကဗျာတွေ သီချင်းတွေရေးတတ်တယ်။ (ကုလားကားတွေ သဘောကျလို့ ဟုတ်ဘူးနော်)

၆) လေးလေးနက်နက်ထားပြီး ချစ်တတ်တာ(ကိုယ့်စိတ်ကြိုက်နဲ့ ကိုက်တာတော့ မတွေ့သေး လျှောက်လွှာလက်ခံမယ်လို့ မစဉ်းစားနဲ့နော်)

၇) ဘယ်နေရာအသစ်ကိုသွားသွားဖြောင့်ဖြောင့်တန်းတန်းမရောက်ဘူးသေး
Taxi သမားများက အနီးဆုံး ကြုံသည့်နေရာတွင် ချထားပေးတတ်၍ သူငယ်ချင်းများမှ လာလာခေါ်ပေးရခြင်း )

၈ ) ဘာပဲလုပ်လုပ်၊ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုစိတ်ကြီးဝင်အကောင်းထင်လေ့ရှိခြင်း
(ကြွားလဲကြွား လေလုံးလဲထွားပါသည်)

၉) စဉ်းစားတွေးခေါ်မှုနှင့် နေပုံထိုင်ပုံ ရှေးဆန်လွန်းပါသည်(အ၀တ်အစား ခွေးမျက်စိနောက်အောင် ၀တ်ခြင်းမှလွဲ၍)

၁၀) ရယ်ရင်းနှင့် စိတ်ထဲတွင်ငိုနေတတ်၍ ငိုရင်းနဲ့လည်း စိတ်ထဲတွင် ပျော်နေတတ် ပါသည်။(အဲဒါ Secret နော်)



ဆက်ဖတ်ပါဦး...

Tuesday, May 1, 2007

10 Weird Things About Me


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ Kitty-for-me ဖြစ်ပါတယ်။


မျိုးကျော်ထွန်းက Tag လုပ်ထားတာ အခုမှတွေ့တယ်။
အခုတစ်လော အဲဒါလေး ခေတ်စားနေတယ်နော်။
ဘလော့တိုင်းလိုလိုမှာ တွေ့နေရတယ်။
ကိုယ့်အကြောင်းတွေ ကိုယ်ပြောရတာပေါ့လေ။
ထူးထူးဆန်းဆန်းလေးတွေ မကောင်းတဲ့အကျင့်လေးတွေပေါ့။ ဟဲဟဲ


၁။ ချိန်းထားတာ နောက်ကျရင် အရမ်းစိတ်ဆိုးတတ်ပါတယ်။ ၅ မိနစ်လောက်
နောက်ကျလဲ စိတ်ဆိုးပါတယ်။

၂။ စိတ်ကောင်းရှိမလိုလိုနဲ့ တစ်ခါတစ်လေ စိတ်ပုတ်ပါတယ်။

၃။ ကိုယ့်ကိုတစ်ခုခုလုပ်သွားရင် အခွင့်အရေးရရင် ရသလို ပြန်တုံ့ပြန်
တတ်ပါတယ်။

၎။ ပင့်ကူအိမ်တွေကို အရမ်းမုန်းပါတယ်။ မျက်နှာကြက်မှာပဲ ဖြစ်ဖြစ်
ဘယ်မှာပဲဖြစ်ဖြစ် ပင့်ကူအိမ်တွေရှိရင် အရမ်းရွံပါတယ်။

၅။ မြွေကို အရမ်းကိုကြောက်ပါတယ်။ ကာတွန်းရုပ်ပဲ ဖြစ်ဖြစ် ပုံပဲဖြစ်ဖြစ်
စာအုပ်မှာပါရင် အဲဒီစာအုပ်ကို မကိုင်ရဲတဲ့အထိ ကြောက်ပါတယ်။

၆။ အမြဲတမ်းစိတ်လောတတ်ပါတယ်။ တစ်ခုခုဆို အမြဲတမ်း လောလောနဲ့
လုပ်တတ်ပါတယ်။ စိတ်လှုပ်ရှားရင် ချွေးပြန်တတ်ပါတယ်။

ရ။ အကြောင်းတစ်ခုခုကြောင့် လူတစ်ယောက်ကို ကြည့်မရရင် သူဘာလုပ်လုပ်
အကောင်းလဲ မမြင်တော့ပါ။ မျက်နှာခြင်းဆိုင်တွေ့ရင်တောင် လူမှုရေးအရ နှုတ်ဆက်
ရမှာ အင်မတန်ဝန်လေးပါတယ်။

၈။ အင်တာဗျူးဖြေရတာ အရမ်းကိုကြောက်ပါတယ်။ ဘာကိုကြောက်မှန်းမသိ
ကြောက်ပါတယ်။

၉။ ပတ်ဝန်းကျင်အသစ်တစ်ခုမှာ ချက်ခြင်းမရင်းနှီးတတ်ပါ။ (ရုံးမှာ အလုပ်လုပ်တာ
တစ်နှစ်နဲ့လေးလရှိပြီ။ အခုထိ မသိသေးတဲ့သူတွေ ရှိနေပါသေးတယ်။)

၁၀။ အလွယ်တကူ စိတ်တိုတတ်ပါတယ်။ ပြီးရင် မေ့ပျောက်လဲလွယ်ပါတယ်။

ရည်မွန် ပြန်ပြီး Tag လုပ်ချင်တဲ့ သူငယ်ချင်းတွေကတော့...
တော်မီ
မဒီ
ပန်းပွင့်လေး

ဆက်ဖတ်ပါဦး...

ကျွန်တော့်အကျင့်လေးများ


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ Saturngod ဖြစ်ပါတယ်။

ကိုမျက်လုံး ၊ အစ်မ သဉ္ဇာ ၏ Tag မှုကိုခံလိုက်ရသောကြောင့် ကျွန်ုပ်၏ ပေါက်တတ်ကရ အကျင့်လေးများကိုရေးသားရန် အကြောင်းဖန်လာပါတော့သည်.......
(၀တ္တုထဲက အတိုင်းရေးကြည့်တာ)

ကျွန်တော့်ရဲ့ အကျင့်လေးတွေကတော့...

၁.ရောက်လေရာနေရာတွင် အိပ်ငိုက်တတ်ခြင်း

ညဆိုရင် ၂ နာရီမှ အိပ်ပျော်တယ်... မနက်ရောက်ရင် ကျောင်းသွားဖို့ ၆ နာရီက ထရတယ်...
အဲဒါကြောင့် ferry မှာ ရော ကျောင်းမှာပါ အိပ်တတ်သည်။ ကျောင်းပိတ်ရက်တွေ ဆိုရင်တော့ မနက် ၁၁ နာရီလောက်မှ ထတယ်...

၂.မီးပျက်ချိန်တွင် အရူးတစ်ယောက်ကဲ့သို့အော်ဟစ်ခြင်း

မီးပျက်ပြီဆိုရင်တော့ မနေနိုင်ဘူး... မီးလာတာကို ထိုင်စောင့်ပြီး ပါးစပ်ကလည်း မီးရုံးကိုပဲ ဆဲဆိုနေတာ... မီးလာရင်တော့ ဟေးခနဲဆိုပြီး ဘောပွဲကြည့်တာထက် အသံကျယ်ကျယ်လောင်လောင်အော်တာပဲ...

၃.ဘာမှ မလုပ်တတ်ခြင်း

အိမ်မှာ မီးလာရင် computer ရှေ့မှာထိုင်ပြီး တကုပ်ကုပ်ပဲ (ဝဲကုပ်နေခြင်းမဟုတ်ပါ)။ တခြားဘာခိုင်းခိုင်း ခဏနေပါအုံး... ပြီးရင်လုပ်ပေးမယ်... အကြောင်းအမျိုးမျိုးပြကာ ဘာမှ မလုပ်ခြင်း....

၎.စာသင်ချိန်တွင် အိပ်ငိုက်ခြင်း

first year က အတန်းထဲမှာ အိပ်လို့ ဆရာမ ခေါင်းလာခေါက်တာခံဘူးတယ်...
second year ရောက်တော့ ဆရာမ စာခဏခဏမေးတယ်... ဆရာမတွေ ရွဲ့ပြီးပြောတာလည်းခံရတယ်...
third year ရောက်တော့ အတန်းထဲမှာ အိပ်လွန်းလို့... အတန်းထဲရှိ ကောင်မလေးများ ရယ်ခြင်း ၊ ဆရာ ဆရာမများ မှတ်မိခြင်း ၊ roll call ခဏခဏ လွတ်ခြင်း တို့ ဖြစ်ဖူးတယ်...
honus ရောက်တော့ ဘာဖြစ်မယ်မသိဘူး... အခုတော့ roll call က ကျော်သွားမှ ထောင်ဖြစ်တယ်... အိပ်ပျော်သွားလို့ ဘေးနားက သူငယ်ချင်းနှိုးမှ နိုးတယ်...

၅.အစားအစာ

အစားအစာတွင် အခြောက်မှ စားတတ်ပါသည်... ဆီပြန်ဟင်းတို့ ဟင်းရည်တို့ကို လုံးဝစားမရပါ...
သို့သော် လူအခြောက်တော့ မကြိုက်ပါ...
နောက်ပြီး အအေးအလွန်ကြိုက်တာပဲ... အမြဲလိုလိုအအေးဖိုးနဲ့ ပိုက်ဆံကုန်နေတာ... အိပ်မှာ အအေးဝယ်ထားလည်း ဘယ်လောက်မှ မခံဘူး... ကုန်တာပဲ... အအေးကို ရေလိုသောက်တာ... ဘယ်နေ့ ဆီးချိုရောဂါရမလည်း မသိဘူး...

၆.အနေအထိုင်

အနေအထိုင်က ပြောစရာမလိုဘူး... တကယ့် smart... ဖြစ်သလိုနေတဲ့နေရာမှ ပြောတာ... သူငယ်ချင်းတွေ အိမ်ကို လာရင် ကြွက်သိုက်ကတောင် အဘ ခေါ်ရတယ်လို့ ပြောယူရလောက်အောင်ပဲ... အပြင်သွားရင်လည်း ဒီလိုပဲ ဖိုသီဖတ်သီပေါ့... ပြင်ပြင်ဆင်ဆင်နေရတာ အလုပ်ရှုပ်လို့... ဖြစ်သလို ပေါ့ပေါ့ပါးပါးပဲနေတယ်.. အရေးကြီးတဲ့ နေရာတို့ မင်္ဂလာဆောင်တို့မှ ခေါင်းလေးဘာလေးဖီးသွားတတ်သည်....

၇.ရုပ်ရှင်အလွန်ကြိုက်ခြင်း

မြန်မာကားဆိုရင်တော့ လုံးဝမကြည့်ဘူး... ပေါတယ်ထင်လို့.. ဒါပေမယ့် english ကား ငပေါကားတွေတော့ ကြိုက်တယ်... ဟီး.. ဘာဖြစ်လို့လည်းတော့မသိဘူး... english ကားဆိုရင် ဇာတ်အိမ်ခိုင်မာတဲ့ drama တွေကိုကြိုက်တယ်... ကိုရီးယားတို့ တရုတ်တို့တော့ သိပ်မကြည့်ဘူး...

၉.အမြဲလိုလို ရယ်နေတတ်ခြင်း

ဘာဖြစ်လို့မှန်းကို မသိတာ... လူကို အမြဲ စပ်ဖြီးဖြီးနဲ့... ဒါတောင် တခါတလေ လူတတ်ကြီးစတိုင်ဖမ်းတယ်... မရဘူး... ဒီလိုပဲ... နည်းနည်းလေး ပြုံးတုန်းတုန်းလေနေတော့ ငပေါလိုလိုဘာလိုလိုဖြစ်နေတယ်... ဟီး..

၁၀.စာကြည့်ချိန်ဆိုတာမရှိ

ဘာဖြစ်လို့မှန်းကို မသိတာ... စာဆိုတာ ဆေးထက်တောင် ကြောက်ဖို့ကောင်းလို့လားမသိဘူး.. ကျောင်းစာဆို လုံးဝကိုမကြည့်တာ... 2 subject 1 night ပဲ...

ဒီလောက်ပဲ စဉ်းစားလို့ရတယ်....
တခြားလူကို tag ဖို့ရှာလိုက်တော့... မြန်မာ blogger တွေ တော်တော်များများ tag ပြီးတာပြီဆိုတော့...
သေသေချာချာရှာပြီးမှ edit လုပ်ပြီး ပြန် tag ရမယ်...

တစ်ယောက်တွေ့ပြီ...
ကဲ tag လိုက်ပြီ...
http://khunmoekyaw.blogspot.com/

ဆက်ဖတ်ပါဦး...

Monday, April 30, 2007

သဲလေး နှင့် အောင်ကြူကြူ အကျင့်များ


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ သဲလေး ဖြစ်ပါတယ်။

အခုလော.. Post မရေးဖြစ်ပေမယ့် သူများတွေရဲ့ blog ကိုတော့ ဖတ်ဖြစ်တယ် blog တော်တော်များများမှာ Tag ကြတော့ သဲလေး လဲတက် ချင်တာပေါ့ နော်…အဲဒါကြောင့် တက်လိုက်တယ် သိလား… တက်သလို လို မတက်သလို လိုနဲ့ ဟီး သိပ်တက်ချင်တဲ့ သဲလေး…


၁) အလွန်အငြီးသန်ခြင်း.. (ခိုကတောင် အရှူံးပေးရလောက်သည်..)

၂) လူတယောက်ကို တွေ့ခါစတွင် စကားပြောရန်ခက်သလောက်.. ခင်လျှင် ရေပက် မ၀င်အောင်ပြောတတ်သည်…

၃) အိပ်ရေးအလွန်ဆက်ခြင်း ( ဘေးကလူက နည်းနည်း လှူပ်တာနှင့် နိုးတတ်သည်…)

၎) အိပ်မက်အလွန်မက်တက်ခြင်း (တခါတခါ အခန်းဆက်တောင်ပါလိုက်သေး…)

၅) သူများမှ တစုံတခုသောအကြောင်းအရာပြောလျှင် ပုံဖော်မြင်ယောင်တတ်သော အကျင့်ကြောင့် ခဏခဏ ဒုက္ခရောက်တတ်သည်.. ( ဥမပါ.. သရဲကြောင်းနှင့် ရွံစရာ)..

ရ) အပြင်လူများ အပေါ်တွင် သည်းခံ သလောက် နိုင်သူအပေါ်တွင်မဲ တတ်သည်.. ( အိမ်ကျယ်)

၈) ကိုယ်ကိုတိုင်၏ မကောင်းကြောင်းကို သူများ က ပြောလျှင် သူများတတ်ပိုပြောပြတတ်သည်.. ( ရင်းနှီးသူများက မယ်သီလရှင် တစ္ဆေ လို့ ပြောကြသည်.. ဘုန်းကြီးတစ္ဆေ ဖြစ်မရသောကြောင့်)

၉) သရဲအလွန်ကြောက်ခြင်း… တွေးတွေးပြီးကိုကြောက်တာ.. ဥမပါ… ခုတင်အောက်က လက်ကြီးထွက်လာ ရင် .. ရေပန်းထဲ က သွေးတွေ ကျ လာရင်.. ( ငယ်ငယ်တုန်းက အိမ်မှာ အမနဲ့ အိပ်တုန်းက သရဲကြောက် လျှင် အမကို ယောင်သလို လို နှင့် ကန်၍ နိုးတယ်.. Singapore ရောက်တော့ အခန်ဖော်အမ ကို အသံမျိုးစုံပေး၍ နိုးတယ်... အခုတယောက်ထဲ အိပ်တော့ သူများကို phone ဆက်နိုးတယ်... ဟီး ဟီး…)

၁၀ ) တခါတလေ လူတယောက်ကို .. ဘာအကြောင်း မှမရှိပဲ .. အမြင်ကပ်တတ်ခြင်း .. ( သတိထားနော်…)

၁၁) အလွန် အရွဲ့တိုက်တတ်ခြင်း.. (အကြောင်းသိတွေ)..

၁၂) သီချင်းတပုဒ်ကို ကြိုက်လျှင်.. အလွတ်မရမချင်း ကျက်တတ်ချင်း နားညီးလောက်အောင်ဖွင့်တတ်ခြင်း

၁၃) နေရာတကာ စပ်စပ် စပ်စပ်နဲ့ ပါတတ်ခြင်း…

၁၄) အလွန့် အလွန်ခေါင်းမာ ခြင်း ( ထုရင်တောင် .. ဒေါင်ခနဲ မြည်မလားပဲ )

၁၅) အပြင်တွင်လူရှိလျှင် အိမ်သာမတက်တက်ပါ ( ရှက်တတ်ပုံက )

၁၆) ကိုယ်လို ချင်သော အရာ.. .ကိုယ်ခံစားချက်များကို .. မပြောပဲနှင့် သိစေချင် နားလည်စေချင်တတ်ခြင်း.. ( ဘယ်တော့မှ မပြည့် ၀သော ဆဒ္ဒ … ခံ ခံ .. နည်းတောင်နည်းသေးတယ်)

၁၇) ဆံပင်မွှေးများကို အလွန်ရွံ၍ ကြောက်တတ်ခြင်း…(Singapore တွင် ဤ ဒုက္ခ တော်တော်ဆိုးပါသည်.. ဆံပင်အလွှန်ကျွတ်ကြသောကြောင့်)

၁၈) ကိုယ်နဲ့ ပတ်သတ်သော ဂဏန်းတော်တော်များများသည် (၉) ဖြစ်နေတတ်ခြင်း

(ဒါကြောင့် အခုလဲ .. ၁၈ ချက်ရေးလိုက်ပြီနော့်… )

ဆက်ဖတ်ပါဦး...

တက်ဟ… တက်ဟ…


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ပုထုဇဉ် ဖြစ်ပါတယ်။


“တက်ဟ… တက်ဟ…” ဆိုတဲ့ ခေါင်းစဉ်ကို ကြည့်ပြီး နိုင်ငံရေးယောင်ယောင်၊ ဘာယောင်ယောင် အရေးများတဲ့ အဆိုးမြင်ဝါဒီ ငပုတစ်ယောက် ဒီတခါလည်း ကုန်ဈေးနှုန်းတက်တဲ့ အကြောင်း ငေါ့ပြီးရေးပြန်ပြီလို့ အထင်တော် မစောလိုက်ပါနဲ့ခင်ဗျာ၊ ဒီတခါ ကျွန်တော်ရေးမှာက နိုင်ငံရေးမပါပါ။ (တခြားရေးထားတာတွေ နဲ့စာရင် ပြောတာပါ။ ဒါပေမယ့် ကိုကလိုစေးထူးပြောသလို ရေအိမ်တက်တာကအစ နိုင်ငံရေးမို့ ဒီပို့စ်မှာလည်း နိုင်ငံရေး ပါးပါးကလေး ပါတယ်လို့ ပြောရင်လည်း ရနိုင်ပါတယ်၊ ဟဲ… ဟဲ…) အမှန်ကတော့ “tag ဟ၊ tag ဟ” လို့ပြောချင်တာပါ။


အခုတလော မြန်မာဘလော့ဂ်ရေးသူများကြား ရေပန်းစားနေတဲ့ Tag ဆိုတဲ့ ရွှေပေလွှာဆန်ဆန် ice-breaker ကစားနည်းတစ်ခုအကြောင်း ကြားဖူးကြမှာပေါ့၊ ကိုယ့်ဘလော့ဂ် tag အလုပ်ခံလိုက်ရရင် ကိုယ်က ကိုယ်နဲ့ပတ်သက်တဲ့ ထူးတာ၊ ရူးတာ၊ ကြောင်တာ ဆယ်ခုရေးပြီး တင်ရမယ်၊ ပြီးရင် ကိုယ့်မိတ်ဆွေ ဘလော့ဂ်ရေးသူများထဲက tag အလုပ်မခံရသေးသူ တချို့ကို ကိုယ်ကလိုက်ပြီး tag လုပ်ရမယ်၊ အဲဒီလိုနဲ့ ဘလော့ဂ် အသိုင်းအ၀န်းထဲမှာ မိတ်ဆွေများ ပိုမိုရင်းနှီးလာအောင်ပေါ့။ ဘယ်သူက စ လိုက်တယ်တော့ မသိပါ၊ အခုတော့ ဘလော့ဂ်မိတ်ဆွေများကြား သူ ‘တက်’ ကိုယ် ‘တက်’ နဲ့ အပြိုင်အဆိုင် ‘တက်’ လိုက်ကြတာ ကျွန်တော်ငပုကိုလည်း ဘော်ဘော် လင်းလက် က tag လုပ်သွားပါတယ်။ အဲဒါနဲ့ ဘာမှ ထူးထူးဆန်းဆန်းမရှိတဲ့ လူထဲကလူ ကျွန်တော်ပုထုဇဉ်လည်း ဆယ်ချက် မပြည့် ပြည့်အောင် ရှာကြံရေးလိုက်ပါတယ်ဗျို့…

(၁) ပု၏၊ သို့သော် နု၏။ :D စတာပါ၊ မနုတော့ပါ၊ OB၊ (အသံထွက်ဖတ်ပါ။)

(၂) လူပုသော်လည်း “မမီတဲ့ပန်းလို့၊ လောကမှာ မရှိသေး၊ မောင်တွေးကြံယူကာ၊ တံချူနဲ့ ချူရင် အလွယ်တကူပါ” ဆိုတဲ့ ကိုအံ့ကြီးရဲ့ သီချင်းတစ်ပုဒ်ထဲကလို ကျင့်သုံး၏။ (အရပ်ရှည်သူများကို ရည်းစားလိုက်ထားတယ်လို့ ဆိုလိုတာမဟုတ်၊ ငယ်ငယ်ကတည်းက ကြောင်အိမ်ပေါ်က ပုစွန်ခြောက်ဗူးကို အရပ်မမီသော်ငြား ခုံခု၍ ခိုးစားတတ်ကြောင်း ပြောတာပါ။)

(၃) လူပုသော်လည်း စိတ်တို၏၊ စိတ် ဘယ့်ကလောက် တိုလွယ်သလဲဆိုရင် နာမည်ကအစ ညင်သာတဲ့ ကိုကဒေါင်းညင်သာနဲ့ ရန်ဖြစ်ဖူးတယ်၊ ခင်သန်းနုနဲ့ ဇင်ဇင်ဇော်မြင့် ဘယ်သူပိုချောသလဲလို့ ငြင်းရင်းနဲ့... ဟဲ… ဟဲ…။ ဗျာ… ကျွန်တော်က ဘယ်ဘက်ကလဲ… ဟုတ်လား… မေးတတ်ပလေဗျာ၊ ခင်သန်းနုဘက်ကပေါ့ဗျ၊ အရှင်းကြီးပဲ ;) ကိုကဒေါင်းရေ ဆက် ‘ဖိုက်’ ဦးမလား… :))

(၄) စိတ်တိုသော်လည်း စိတ်ဆိုးပြေလွယ်၏၊ (လက်ဖက်ရည်တစ်ခွက်နဲ့ ချော့ရင်ဖြစ်တယ်၊ မုန့်ပါရင် ပိုကောင်းတယ် ဟီး။)

(၅) လက်ဖက်ရည်အလွန်ကြိုက်၏။ မြန်မာပြည်ပြန်ရောက်တိုင်း လေဆိပ်ကနေ အိမ်မရောက်ခင် လက်ဖက်ရည်ဆိုင်ထိုင်ရမှ ကျေနပ်တယ်။ ဒီကဆိုင်တွေမှာ သောက်ရတာနဲ့ ဘယ်လိုမှ အရသာမတူဘူး။

(၆) မေ့တတ်၏။ မေ့ပုံများကတော့ တခါက မျက်မှန်ကို တပ်ထားပြီး ပျောက်လို့လိုက်ရှာဘူးတယ်။

(၇) အလှမ်းကျယ်၍ အလယ်လပ်တတ်၏။ ကိုယ့် မွေးသမိခင် ကျေးဇူးရှင်ရဲ့ မွေးနေ့ကို ကောင်းကောင်းမမှတ်မိလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နဲ့ ဘယ်နှစ်လနဲ့ ဘယ်နှစ်ရက်ခြားတယ်ဆိုပြီး မှတ်ခဲ့ရဖူးလို့ ကိုယ့်ကိုကိုယ် အပြစ်ပေးတဲ့အနေနဲ့ အမေ့မွေးနေ့ရက်စွဲကို အခါငါးရာ ကူးရေးဖူးတယ်။

(၈) အာကျယ်၏။ ပန်းချီကို အတန်အသင့် စိတ်ဝင်စားလို့ ဗန်ဂိုးက ဘယ်လို၊ မိုနေးက ဘယ်ဝါ၊ ပေါ်ဦးသက်က ဘာညာ စသဖြင့် ငြင်းတတ်သော်လည်း ကိုယ်တိုင်ကျတော့ ၀လုံးတောင် ၀ိုင်းအောင်မရေးနိုင်ဘူး။

(၉) ဂစ်တာတီးတော်၏။ ကြွားတာ၊ လမ်းဘေးအုတ်ခုံမှာ တီးဝိုင်းဖွဲ့လိုက်တိုင်း ဂျေညီညီရဲ့ ပလက်ဖောင်းရှိုး သီချင်းထဲကလို ပျိုပျိုမေ တံခါးဆောင့်ပိတ်ပိတ်သွားလို့ ကျွန်တော့်ကို အဖွဲ့က “ခေါက်ပြန်” လို့ နာမည်ပေးခဲ့ဖူးတယ်။ ကျွန်တော် ဂစ်တာစခေါက်လိုက်တာနဲ့ အားလုံးတပ်ခေါက်ပြီး ပြန်ပြန်သွားရလို့။

(၁၀) ဘူ။ (စဉ်းစားလို့မရတော့လို့ ဇာတိပြသွားတာ။)

ဘယ်သူတွေကို tag မလဲဆိုတာတော့ စဉ်းစားလိုက်ဦးမယ်၊ အခုတော့ သွားရတော့မယ်။ “နောက်တစ်ပတ်၊ ဒီနေ့၊ ဒီအချိန်မှာ ဆုံကြဦးမယ်လေ၊ ပျော်ပျော်ပါးပါးပေါ့…”

စာကြွင်း ။ ။ ဘယ်သူ့ကို tag ရမလဲဆိုတာ စဉ်းစားလို့ ရသွားပြီ၊ ကိုယ်တိုင်က tag အလုပ်ခံရတာ နောက်ကျတော့ ကျန်တဲ့ ကိုယ်သိသူတွေ အားလုံးနီးပါးက tag လုပ်ပြီးနေပြီ၊ နောက်ထပ် ခြောက်ယောက် ဟုတ်လား၊ ခြောက်ယောက် မကဘူး၊ ခုနစ်ယောက်၊ ခုနစ်ယောက် တိတိ tag လုပ်ပစ်လိုက်မယ်၊ ရေးချင်မှတော့ ရေးမှာ၊ သူတို့ ဘလော့ဂ်တွေမှာ post အသစ်မတက်တာ တော်တော်တောင်ကြာပြီ။ ဘာပဲ ဖြစ်ဖြစ် လာလေရော့ "မျောက် ခုနှစ်ဖော်" တို့ရေ၊ ခင်ဗျားတို့ အကြောင်း တစ်ယောက် ဆယ်ချက်နဲ့ အချက် ခုနစ်ဆယ် ရေးကြစေသော်ဝ်။

ဆက်ဖတ်ပါဦး...

Sunday, April 29, 2007

ကျွန်မနှင့် peculiar များ


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ s-potato ဖြစ်ပါတယ်။


အစကတည်းကရေးချင်နေတာ..အခု ကိုယ့်ဆရာ ကိုဇော်မိုးအောင်လဲ Tag ထားတော့ အတော်ပဲ......တို့ရဲ့ Peculiar လေးတွေကတော့...

၁။ခြနှင့်မြွေ…ဟူသောသတ္တ၀ါနှစ်မျိုးအားသေမလောက် ရွံ့ရှာစွာကြောက်တတ်သည်။ ဓာတ်ပုံတွေ့လျှင်တောင် ကြက်သီးများထ……. ဒူးများတုန်လာတတ်သည်။ ပုလိပ်မြွေဘုရားအား သူငယ်ချင်းများနှင့်ရောက်စဉ် မြွေကိုမမြင်ရသောအကွယ်မှဘုရားဖူးပြီးဘုရားအပြင်မှထိုင်စောင့်ခဲ့သည်။(မိမိကိုယ်ကိုသုံးသပ်ချက်။ ။ ရှေးဘ၀က ဖား ဖြစ်ခဲ့ဖူးသည်ထင်၏)

၂။တသက်တာမျိုချ၍မရသောအသားနှင့်အသီး---ဖားသားနှင့်သီးသီး။ ပထမနှစ် Zoo Practical တွင်ဖားခွဲပြီးကတည်းကဖြစ်၏၊ သီးသီးကတော့အနံ့ရလျှင်တောင်မသောက်ရပဲမူးသည်။(မွေးရပါ….TheeThee Syndrome)

၃။အတင်းပြောတတ်သော၊ ဆံပင်အရှည်ထားသောပုရိသ ယောက်ျားသားများအားမျက်မုန်းကျိုးသည်၊ အလွန်………အလွန်………..အလွန်အမြင်ကတ်သည်။

၎။ဝီရိယမှာ Minus Level အထိကျဆင်းပြီး…..ဘယ်သွားသွား….ဘာလုပ်လုပ်နောက်ကျတတ်သည်။ပြီးမှပြာယာခတ်စွာ အမှားမှားအယွင်းယွင်းလုပ်တတ်သည်။(၀ါသနာ….၀ါသနာ)

၅။စာသင်ခန်းထဲတွင်ကြိုရောက်ပြီးဆရာအားစောင့်ရသောအလုပ်ကို တော်တော်လေးမနှစ်ခြိုက်သောကြောင့် ဆရာဝင်ပြီးနာရီဝက်(သို့) တစ်နာရီကြာမှရောက်သွားတတ်သည်၊ တခါတရံအတန်းပြီးခါနီး ဆယ်မိနစ်အလိုမှ ရောက်သွားတတ်သေး၏…:P

၆။ဒေါသထွက်ခဲပြီး ထွက်လာလျှင်လည်းပြန်ဝင်ခဲ၏ (…ဒေါသ….ဒေါသ) နီးရာရှိမကွဲတတ်သောပစ္စည်းများအား ရွေးချယ်ကိုင်ပေါက်တတ်သည်။(ကွဲသွားရင် နှမြောစရာ)

၇။ဒေါသထွက်လျှင် ငို၏၊ပျော်ရွှင်လျှင် ငို၏၊စိတ်ဓာတ်ကျလျှင် ငို၏၊ အလွမ်းရုပ်ရှင်ကြည့်ပြီး ငိုတတ်၏၊ ကြည်နူးစရာဇာတ်ကားများတွင်လည်းပီတိ မျက်ရည်ကျ၏…… (ie…အငိုသန်တယ်ပေါ့ကွယ်)

၈။အလုပ်များကို ပုံမှန်မလုပ်၊စုပုံထားပြီးအချိန်လွန်မှ မနိုင်မနင်း အပြီးဆောင်ရွက်တတ်သည်။ (ဥပမာ။ ။ စာကျက်ခြင်း၊ အ၀တ်လျှော်ခြင်း၊ မီးပူတိုက်ခြင်း)

၉။ကလေးတပြုံကြီးချီထားသော သူတောင်းစားများအား ဘယ်သောအခါမှပိုက်ဆံမထည့်။ သူတို့သည်တလွဲဆံပင်ကောင်းနေသည်ဟု
ထင်မြင်မိသောကြောင့်ဖြစ်၏။

၁၀။ဟိုမရောက်၊ဒီမရောက်ယောက်ျားလျှာမိန်းမလျှာများအား အထင်မကြီးတတ်၊နှာခေါင်းရှုံ့တတ်၏ ကတုံးတုံးပြီးနေပူထဲအခြောက်ခံထားချင်သည်။

၁၁။ I am a talking machine. သောကြာနှင့်နီးသော စနေ သမီးပီပီ မရပ်မနားတရစပ် စကားပြောနိုင်၍ မိမိကိုယ်ကိုပင်
အံ့သြချီးကျုးမိသည်၊(ငါကွ)

。。。。Next Two

ကိုခွန်မောင်

ရတနာချို

Do ရင် အင်တာနက်သုံးတိုင်းconnectionကောင်းပြီး၊

ကမ္ဘာကျော်ကြီးဖြစ်ပါစေ (ဘာနည်းနဲ့ပဲကျော်ကျော်……………….)

Don't ရင် ဖူးစာဖက်ချောချောလေးနဲ့လွဲပါစေ၊

လမ်းသွားတိုင်းခလုတ်တိုက်ပါစေ၊ထိပ်ပြောင်ကြီးဖြစ်ပါစေ၊

အင်တာနက်သုံးတိုင်း connection ပြုတ်ကျပါစေ။

ဆက်ဖတ်ပါဦး...

ထူးထူးခြားခြား အပြုအမူ ၁၀ မျိုး


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ နှစ်ကူး ဖြစ်ပါတယ်။


ဒီလို..ဒီလို.. ရေးဖြစ်သွားတဲ့အကြောင်းကတော့.. ဟော..ဟို..က လမ်းမှာပိုက်ဆံတွေ့ရင် ဘယ်တော့မှမကောက်တတ်တဲ့ ah mei ရဲ့ကျေးဇူးတော်ကြောင့်ပဲ ဖြစ်ပါသည်။ ( စိတ်မကောက်နဲ့ … ထိပ်ပြောင်ကြီးနဲ့ ရတတ်တယ် ) ခွိ…ခွိ… ခွိ…

၁။ အချက်စပြောရရင်… သူငယ်ချင်းတွေကတော့ပြောကြတာပဲ … အနော်နဲ့ အပြင်သွားဖို့ Date ရင် 1 နာရီခွာပြီးချိန်းရတယ်တဲ့ မယုံပေါင်… အီစကို ရောက်သွား လိုက်တိုင်း သူတို့က ရှိကြတော့ဘူး … ( P.S ကိုယ့်ကိုယ်ကိုတော့ အဲလောက်နောက်ကျတတ်တယ်လို့ ထင်ပေါင် ) …ဟီး…ဟီး…

၂။ ၀ယ်ထားတဲ့ အင်္ကျီ အသစ်လေးတွေဆိုရင် မ၀တ်ရက်လို့သိမ်းထားပြီး အလှကြည့်တတ်တယ် ( ဘယ်လိုကြီးလဲသိဘူးနော် ) ... အ၀တ်စားတွေကိုဝယ်ပြီး မ၀တ်ဘဲ သိမ်းထားတာဘာလုပ်ဖို့လဲတဲ့ နောင်တစ်ချိန်ကျရင် လေလံတင် ရောင်းစားဖို့လို့… ( မွန်ရိုးကိုအားကျလို့ )

၃။ အပြင်သွားဖို့ပြင်ဆင်ရင် ခါးခါးလူးတာ အသာထားအုံး .. ဘာဝတ်ရမှာလည်းလို့ ရွေးရတာကို ၁ နာရီပဲ … ;-p ( ပြီးတော့လဲ ဒီပုံ.. ဒီပုံပါပဲ... )

၎။ မနက်ဆိုရင်လည်း ၆ နာရီဆို ဒေါင်ခနဲ့ နိုးလာပြီ… ( မချီးကျူးနဲ့အုံး ဆုံးအောင်နားထောင် ) ဟဲ…ဟဲ… ၉ နာရီရဲ့ဟိုဘက် ၊ ဟိုးးး..ဘက် လောက်ဆိုအိပ်ရာထပြီ။ ( ဇိမ်ကျလိုက်တာလွန်ပါရော။ J မ၀င်နဲ့ … ကိုယ့်ကုသိုလ်နဲ့ကိုယ် )

၅။ စာမေးပွဲနားနီးမှ ပြာရာခတ် စာလုပ်တတ်တဲ့ အကျင့်ဆိုးလဲရှိသေး.. ဘာလို့လဲသိလား စာတွေက ကြိုပြီးကျက်ထားရင် မေ့တတ်လို့.. ( အဲလိုဥာဏ်ကောင်းလိုက်ပုံများ ... ) စာလုပ်တော့မယ်ဆိုရင်လည်း… နေရာကလဲရွေးသေး… ကြက်တူရွေးတွေလို အာဗြဲကြီး အော်ကျက်ရမှ စာရတယ်လို့ထင်တာ…

၆။ ကိုယ့်ကိုချီးကျူးတဲ့သူတွေအနားဆို ခပ်ခွာခွာလေးနေလေ့ရှိတယ်… ( ရှက်လို့ ).. ဟီးး…ဟီးးး

၇။ သြော်…သြော်…ပြောချင်တာကျန်သေးတယ်… စိတ်ဆိုးအောင် ၊ စိတ်ကသိကအောက်ဖြစ်အောင် ၊ နောက်ကော ဘာကျန်သေးပါလိမ့်... ထားပါတော့လေ.. အဲလိုလုပ်တဲ့သူဆို အလွန်မုန်းးးးးးးးးးးးးးးးး…။ ပြီးတော့ စကားကိုမဆင်မခြင် ပြောတတ်ပြီး ၊ ကိုယ့်မျက်ချီးကိုယ် မမြင်တတ်တဲ့သူလည်း ကြည့်မရဘူး။ ( လုံးဝ....လုံးဝ....ဘဲ )... တစ်ယောက်ယောက်ကိုစိတ်ဆိုးနေရင် အဲဒီလူကို သေနတ်နဲ့ တစ်ဒိုင်းဒိုင်းပြစ်ပလိုက်တာ ( ဟီး...ဟီး.. စိတ်ထဲကနေ )

၈။ ဟဲ… ဟဲ… ဓါတ်ပုံရိုက်တာကိုတော့… ၀ါသနာပါတယ်… သူများရော ၊ ကိုယ့်ကိုယ်ကိုရောပဲ။ (အမြင်ကတ်လောက်အောင်ကိုရိုက်တာ)

၉။ ရာသီဥတုပူရင် မကြိုက်ဘူး… ဖြစ်နိုင်ရင် မေမြို့ရာသီဥတုကို မန္တလေးဆီရွှေ့လို့ရရင်ရွှေ့ လာစေချင်တာ..။ ( သိပ်လဲမဝေးဘဲနဲ့ အရမ်းကွာတာပဲနော်... )

၁၀။ အိမ်မှာ ထမင်းစားရင်.. ပန်းကန်ဆေးရမှာဆိုးလို့ ဟိုလူ့ဆီတစ်ဇွန်း...ဒီလူ့ဆီတစ်ဇွန်းနဲ့ .. ဗိုက်ဝတတ်သည်.. ( ပိုင်လိုက်တဲ့ အကြံအစည် )

တော်သေးပြီ.... နောက်ထက် ၁၀ ချက်မကကျန်သေးသည်... အကုန်သိကုန်ရင်.... ခက်ရချေသေးရဲ့..... ဟိ...ဟိ...

ပြန်ပြီးတော့ Tag ရှင်ပါဒယ်... အဒူတွေကို Tag ရမှန်းတိဖူးးးးး

If ဒီလိုမျိုးလေးပြန်ရေးရင်

then ပိုက်ပိုက်ကုန်တဲ့အခါ အတိုးမဲ့ ချီးပေးမယ့်သူတွေ များကြီး..များကြီး ရှိမှာဖြစ်ပြီး

else ပြန်ရစရာအကြွေးတွေအကုန်ဆုံးမှာဖြစ်ပါတယ်… ( မိုက်တယ်ကွာ… ရွှီး…ဖြောင်း..ဖြောင်း..ဖြောင်း… )

ဆက်ဖတ်ပါဦး...

ပေါက်ပေါက်ဆုပ်ရဲ့ထူးခြားတဲ့အကျင့်( ၁၀ ) မျိုး


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ပေါက်ပေါက်ဆုပ် ဖြစ်ပါတယ်။


ahmei ကပြောထားတယ် ထူးခြားတဲ့အကျင့်လေးတွေရေးပေးပါတဲ့
မရေးရင် အိမ်မက်ထဲမှာသရဲရုပ်ဆိုးဆိုးကြီးလိုက်လိမ့်မယ်တဲ့။ အဲဒါကြောင့်
ahmei ပြောစကားလဲနားထောင်ရင်း သရဲကြီးကိုလဲကြောက်ရင်းနဲ့ 
ပေါက်ပေါက်ဆုပ်ရဲ့ ထူးခြားတဲ့အကျင့်ဆိုးကြီးတွေကို ဖောက်သည်ချ လိုက်ရပါတယ်.. ဒန်တန့် တန်

နံပါတ်မှာ တစ် ။ မနက်စောစောအိပ်ရာမထချင်ဖူး။ ကျူရှင်တက်မယ်ဆိုလဲ မနက်အစောကြီးထရတဲ့ ကျူရှင်ကိုမယူဖူးလေ။ မနက် ၈ နာရီဆိုရင်တော့ အိပ်ရာထရပြီ။ မထလို့ ကလဲမရဖူးလေ မထသေးမချင်း
နှိုးနေလို့ 

နံပါတ်မှာ နှစ် ။ သွားတိုက်တာ ၁ နာရီလောက်ကြာတယ်တဲ့ ( အိမ်ကလူတွေ
ပြောကြတာပဲ ... ကိုယ်ဟာကိုတော့ အဲ့လောက်ကြာတယ် မထင်ပေါင် )

နံပါတ်မှာ သုံး ။ စိတ်ညစ်စရာရှိရင် သူငယ်ချင်းတစ်ယောက်ယောက်ဆီသွားပြီး င်္ငြီးတတ်တယ် ။ (စိတ်ညစ်တာမပျောက်သေးမချင်းပေါ့ ) သူငယ်ချင်းက ဒီသီချင်းလေးဆိုပြတတ်တယ် ~~ဒုက္ခခံရအုန်းမယ်~~ဒုက္ခခံရအုန်းမယ်

နံပါတ်မှာ လေး ။ ဥာဏ်လည်းကောင်းဖူး ... လူများတွေ ၁ ခေါက်လောက်နဲ့ ရတာဆို
ပေါက်ပေါက်ဆုပ်က ၃ ခေါက်လောက်မှ ရတက်တယ် :(

နံပါတ်မှာ ငါး ။ သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖိုချိန်းရင် ထိပ်ဆုံးကနေ တက်တက်ကြွကြွ
ပါဝင်တက်တယ်။ ဒါပေမယ့်ပေါ့လေ တကယ်တမ်းသွားကြတဲ့ အခါကြတော့ ထိပ်ဆုံးကနေ ကျန်နေရစ်တာ စိတ်မကောင်းစရာပဲပေါ့ ( အကြောင်းကြောင်းကြောင့်ပေါ့ )

နံပါတ်မှာ ခြောက် ။ ဘ၀မှာတခါလောက်တော့ ထီဆုကြီးကြီးပေါက်ကြည့်ချင်တယ်။ အဲ့ခါကြရင် ထက်ထက်မိုးဦးလိုပဲ ကာတီးယားစိန်တိုက်က စိန်တွေဝယ်ပြီးတော့ တစ်ကိုလုံးကို စိန်စီပြစ်လိုက်မှာ ဘာမှတ်လဲ ဟိဟိ ..

နံပါတ်မှာ ခွန်နှစ် ။ window shooping ( ကိုင်ကြည့်ပြန် ) ထွက်တာလဲဝါသနာပါတယ် ။ window shopping တွေများနေလို့ တချို့ ဆိုင်တွေဆိုရင် ပေါက်ပေါက်ဆုပ်တို့ ကိုမျက်မှန်းတန်းမိနေလောက်ပြီ ( မဖြစ်ဖူးနောက်တခါကြရင် ရုပ်ဖျက်သွားမှပဲ )

နံပါတ်မှာ ရှစ် ။ ဘောလ်ပင်လှလှလေးတွေစုတာလဲ ကြိုက်တာပဲ ။ အဲဒါကြောင့်ပေါ့ ဘောလ်ပင်လှလှလေးတွေဆို ပေါက်ပေါက်ဆုပ်စီမှာ သိပ်မရှိတော့ဖူး ။ သူငယ်ချင်းတွေပေါ့ ကြိုက်လို့ ဆိုပြီးယူယူသွားကြတာ ကိုယ်ကလဲမနေနိုင် မထိုင်နိုင်သွား ကြွားမိတာကိုး :( နောက်တော့သူတို့ မမြင်အောင် သိမ်းထားတာပေါ့ ဘယ်ရမလဲ

နံပါတ်မှာ ကိုး ။ ဆံပင်ဆိုရင်လဲ အရောင်အမျိုးမျိုးဆိုးတက်တယ် ( ဆံပင်လဲအငြိမ်မနေရပါဖူး ) ခုတော့ဆံပင်တွေ အရမ်းပျက်စီးနေလို့ ခဏငြိမ်နေတယ် ( နဲတောင်နဲသေးတယ် )

နံပါတ်မှာ တစ်ဆယ် ။ တယောက်ထဲပဲ အမြဲတမ်းရှုပ်ရှက်ခက်နေလို့  သူငယ်ချင်းတွေကြားမှာ နာမည်ပြောင်တစ်ခုရထားတယ် သိလား .... အဲဒါကတော့ပြောပြတော့ဖူးနော့။

ဒီလောက်ဆိုရင်တော့ရလောက်ပြီထင်တယ် ... ပေါက်ပေါက်ဆုပ်ရဲ့ အကျင့်ဆိုးကြီးတွေအကုန်သိကုန်ကြတော့မယ် .. :P

ဒီလိုရေးပြီးသွားတော့ ရုပ်ဆိုးဆိုးသရဲကြီးလဲ မလာတော့မှာဖြစ်ပြီး အိမ်မက်လှလှလေးတွေပဲ မက်တော့မှာဖြစ်ပါတယ်.. ဒန်တန့် တန်


ဆက်ဖတ်ပါဦး...