Monday, April 30, 2007

သဲလေး နှင့် အောင်ကြူကြူ အကျင့်များ


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ သဲလေး ဖြစ်ပါတယ်။

အခုလော.. Post မရေးဖြစ်ပေမယ့် သူများတွေရဲ့ blog ကိုတော့ ဖတ်ဖြစ်တယ် blog တော်တော်များများမှာ Tag ကြတော့ သဲလေး လဲတက် ချင်တာပေါ့ နော်…အဲဒါကြောင့် တက်လိုက်တယ် သိလား… တက်သလို လို မတက်သလို လိုနဲ့ ဟီး သိပ်တက်ချင်တဲ့ သဲလေး…


၁) အလွန်အငြီးသန်ခြင်း.. (ခိုကတောင် အရှူံးပေးရလောက်သည်..)

၂) လူတယောက်ကို တွေ့ခါစတွင် စကားပြောရန်ခက်သလောက်.. ခင်လျှင် ရေပက် မ၀င်အောင်ပြောတတ်သည်…

၃) အိပ်ရေးအလွန်ဆက်ခြင်း ( ဘေးကလူက နည်းနည်း လှူပ်တာနှင့် နိုးတတ်သည်…)

၎) အိပ်မက်အလွန်မက်တက်ခြင်း (တခါတခါ အခန်းဆက်တောင်ပါလိုက်သေး…)

၅) သူများမှ တစုံတခုသောအကြောင်းအရာပြောလျှင် ပုံဖော်မြင်ယောင်တတ်သော အကျင့်ကြောင့် ခဏခဏ ဒုက္ခရောက်တတ်သည်.. ( ဥမပါ.. သရဲကြောင်းနှင့် ရွံစရာ)..

ရ) အပြင်လူများ အပေါ်တွင် သည်းခံ သလောက် နိုင်သူအပေါ်တွင်မဲ တတ်သည်.. ( အိမ်ကျယ်)

၈) ကိုယ်ကိုတိုင်၏ မကောင်းကြောင်းကို သူများ က ပြောလျှင် သူများတတ်ပိုပြောပြတတ်သည်.. ( ရင်းနှီးသူများက မယ်သီလရှင် တစ္ဆေ လို့ ပြောကြသည်.. ဘုန်းကြီးတစ္ဆေ ဖြစ်မရသောကြောင့်)

၉) သရဲအလွန်ကြောက်ခြင်း… တွေးတွေးပြီးကိုကြောက်တာ.. ဥမပါ… ခုတင်အောက်က လက်ကြီးထွက်လာ ရင် .. ရေပန်းထဲ က သွေးတွေ ကျ လာရင်.. ( ငယ်ငယ်တုန်းက အိမ်မှာ အမနဲ့ အိပ်တုန်းက သရဲကြောက် လျှင် အမကို ယောင်သလို လို နှင့် ကန်၍ နိုးတယ်.. Singapore ရောက်တော့ အခန်ဖော်အမ ကို အသံမျိုးစုံပေး၍ နိုးတယ်... အခုတယောက်ထဲ အိပ်တော့ သူများကို phone ဆက်နိုးတယ်... ဟီး ဟီး…)

၁၀ ) တခါတလေ လူတယောက်ကို .. ဘာအကြောင်း မှမရှိပဲ .. အမြင်ကပ်တတ်ခြင်း .. ( သတိထားနော်…)

၁၁) အလွန် အရွဲ့တိုက်တတ်ခြင်း.. (အကြောင်းသိတွေ)..

၁၂) သီချင်းတပုဒ်ကို ကြိုက်လျှင်.. အလွတ်မရမချင်း ကျက်တတ်ချင်း နားညီးလောက်အောင်ဖွင့်တတ်ခြင်း

၁၃) နေရာတကာ စပ်စပ် စပ်စပ်နဲ့ ပါတတ်ခြင်း…

၁၄) အလွန့် အလွန်ခေါင်းမာ ခြင်း ( ထုရင်တောင် .. ဒေါင်ခနဲ မြည်မလားပဲ )

၁၅) အပြင်တွင်လူရှိလျှင် အိမ်သာမတက်တက်ပါ ( ရှက်တတ်ပုံက )

၁၆) ကိုယ်လို ချင်သော အရာ.. .ကိုယ်ခံစားချက်များကို .. မပြောပဲနှင့် သိစေချင် နားလည်စေချင်တတ်ခြင်း.. ( ဘယ်တော့မှ မပြည့် ၀သော ဆဒ္ဒ … ခံ ခံ .. နည်းတောင်နည်းသေးတယ်)

၁၇) ဆံပင်မွှေးများကို အလွန်ရွံ၍ ကြောက်တတ်ခြင်း…(Singapore တွင် ဤ ဒုက္ခ တော်တော်ဆိုးပါသည်.. ဆံပင်အလွှန်ကျွတ်ကြသောကြောင့်)

၁၈) ကိုယ်နဲ့ ပတ်သတ်သော ဂဏန်းတော်တော်များများသည် (၉) ဖြစ်နေတတ်ခြင်း

(ဒါကြောင့် အခုလဲ .. ၁၈ ချက်ရေးလိုက်ပြီနော့်… )

No comments: