Thursday, May 3, 2007

နာလည်း Tag ပြီဟေ့..


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ခွန်မိုးကျော် ဖြစ်ပါတယ်။


ဘယ်သူစထွင်လဲတော့မသိ.. ဘလော့ဂါတွေအတော်အများ တက်နေကြတော့ ကိုလည်း.. လိုက်တက်ရတာပေါ့.. ခေါတ်နောက်ကျတော့မယ်.. မဖြစ်ချေဘူး... ကိုစေတန် ကောင်းမှုလည်းပါတာပေါ့..

..ဟီး.. :D ကိုယ့်ဂုဏ်ကိုဖော်ကြည့်တာ...

1. ရုပ်ရည်အရည်အချင်း - မြင်သူတိုင်းက တွေ့သည့်နေရာတွင် တွေ့ကရတုတ်ဖြင့် ရိုက်ချင်စရာ ကောင်းလောက် အောင် ရုပ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်..

2. အသံအနေအထား - သီချင်းဆိုလျှင် အဲလက်(စ်)အသံနှင့်မဆင်ပါ...။ စည်သူလွင်နှင့်လည်းမတူပါ..။ အသံကြားရသူတိုင်းက ခွေးဟောင်သံက သည်ထက်နားထောင် လို့ ပိုကောင်းသည်ဟုသာ မှတ်ချက်ပြုကြသည်..။

3. အပြောအဆို - ပြေပြစ်ချောမွေ့သည်..။ အသံသာသည်..။ နားဝင်ချိုသည်.. အထက်ပါ အရည်အချင်းများ လုံးဝမရှိ...။

4. သူငယ်ချင်းစုစုပေါင်း.. အင်း... အာရှလူဦးရေကို '0' နှင့်မြောက်ပြီး.. '0' ဖြင့်ပေါင်းလျှင် ရနိုင်သည်..။ (:D စတာ... ဟုတ်ပါဝူး.. နည်းနည်းတော့ရှိတယ်..)

5. သူငယ်ချင်းများနှင့် စကားပြောဆိုချိန်တွင် ကြိုတင် အလွတ်ကျက်မှတ်ထားသော ကဗျာ စာသားများကို ရွတ်ပြကာ.. ဆရာကြီး ဂိုက်ဖမ်းလေ့ရှိသည်..။

6. မိန်းကလေးများရှေ့တွင် သူရဲကောင်းလုပ်ပြတတ်သည်..။ ဥပမာ စက်ခန်းချိန်တွင် မိန်းကလေးများရှေ့တွင် လက်ကွက်ကို အရမ်းမြန်အောင် ရိုက်ခြင်းမျိုး...။

7.သန့်သန့်ရှင်းရှင်း ၀တ်ဆင်မထားတတ်၍ မသိသောသူဆိုလျှင် အမိုက်ကောက်သမားဟု အထင်မှားရလောက်သည်...။ (ထို့ကြောင့် တွေ့သည့်နေရာတွင် တွေ့ကရတုတ်ဖြင့် အရိုက်ခံရလောက် အောင် ဖြစ်သည်မှာ.. မထူးဆန်း..)

8. ကွန်ပျူတာညလုံးပေါက် ဂိမ်းဆော့၊ ဟိုကြည့်ဒီကြည့်လျောက်လုပ်ကာ မနက်ကျောင်းတွင် အိပ်ငိုက်ချိန်တွင် စာများကိုလွှဲချ၊ အလုပ်ကိုလွှဲချ လုပ်တတ်ခြင်း....။

အဲဒါပဲ.. ရှိတော့ဝူး.. :D.. စဉ်းစားလို့ရတော့ဝူး..

အရင်တစ်ခါက Tag လုပ်လိုက်တာက ပြီးစလွယ်လုပ်ခဲ့မိတာကို တောင်းပန်ပါတယ်... ဒီတစ်ခါ အတည်ရေးတာပါ.. ကျွန်တော် နေမကောင်းတုန်း ထရေးလိုက်မိတဲ့ဟာတွေပါ.. အရင်တစ်ခါက..

No comments: