Thursday, May 3, 2007

ကျွန်မဧ။်ကကြိုးကကြောင်အကျင့်များ


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ July ဖြစ်ပါတယ်။


ဘာညာတစ်ကောင်က Tag ပါ Tag ပါဆို၍ ကျမ Tag လိုက်ရသည်။ သူများတွေလိုတော့ ဘလောက်ကနေတစ်ဆင့်အတတ် မခံရဘူး။ ဘာညာကိုယ်တိုင်သက်ရှိထင်ရှား ဘေးမှာ တစ်ပူပူတစ်ဆာဆာ လုပ်နေသောကြောင့်ရေးပါတော့မည်။

၁။ ကျွန်မသည်အလွန်တရာမှ ရက်ရောတက်သူတစ်ယောက်ဖြစ်ပါသည်။စိတ်လိုလျှင် (ဆယ်ရက်တစ်ခါဖြစ်ခဲပါသည်)အလှူခံများကို ပိုက်ဆံလှူတက်ပါသည်။ပိုက်ဆံ တစ်၇ာထည့်လျှင် အလှူခံခွက်ထဲမှ
ငါးဆယ်လောက်ပြန်ယူတက်ပါသည်။အကြွေ ပြန်အမ်းခိုင်းသောသဘောမျှသာဖြစ်ပါသည်။ဒီအကျင့်ရှိသောကြောင့်
ကျွန်မကိုယ်ကျွန်မ မုန်းပါသည်။ကျွန်မနှင်.အကျင့်ချင်းတူသူများကို ကျွန်မ မပေါင်းပါ အပေါင်းအသင်းမလုပ်ပါ။

၂။ကျွန်မတွင် ကြီးမားသော အရှေ့သွားကြီးနှစ်ချောင်းရှိပါသည်။ထိုသွားကြီးနှစ်ချောင်းကို ကျွန်မဘယ်တော့မှ
အသုံးမချပါ။ ဇီးထုပ်ဖောက်လျှင်ပင် အထဲကသွားနှင့်ပင် ကိုက်ဖောက်တက်ပါသည်။မရမ်းသီးဖတ်လေးတွေ
ကိုပင် ထိုသွားနှစ်ချောင်းဖြင့် မစားပါ။ ထိုသွားနှစ်ချောင်းကို ပိုးမွေးသလိုမွေးထားပါသည်။
မကြာခဏ အိပ်မက်ထဲတွင် ထိုသွားကြီးနှစ်ချောင်း ကျိုးသွားသည်ဟုအိပ်မက် မက်တက်ပါသည်။
ထိုအခါမျိုးတွင် ကျွန်မသည်အိမ်မက်ထဲတွင် ကျယ်လောင်စွာငိုကြွေးတက်ပါသည်။ထို့ကြောင့် အိမ်ကလူများသည် ကျွန်မနှင့်ဘယ်တော့မှ အတူတူလာမအိပ်ကြပါ။

၃။ကျွန်မတွင်နားရွက်တစ်စုံရှိပါသည်။(တစ်စုံမရှိလို့ ဘယ်နှစ်စုံရှိရမလဲ တော်တော်ရှည်တဲ့မိန်းမပဲ ကိုယ့်ဟာကိုယ်လဲ တခါတလေရန်ဖြစ်နေတက်ပါသည်။) ရှင်းအောင်နားထောင်စမ်းပါ ပြောလို့မပြီသေးဘူး
လေ။(ပြောပြောမြန်မြန်ပြော သိပ်ရစ်တာပဲ စိတ်မရှည်တော့ဘူး။)တစ်စုံတွင်နှစ်ခုရှိပါသည်။(သူပြောမှလား
လူတိုင်းသိတယ်။)ပါးစပ်ပိတ်ထား ......အဲဒီနှစ်ခုသည် တခုနှင့်တခု မတူပါ။တစ်ခုသည်ပှံမှန် နားရွက်ဖြစ်ပြီး
တစ်ခုသည် လူနားရွက်နှင့်မတူပါ။နားရွက်အပေါ်ပိုင်းသည် ချွန်ချွန်ကြီးဖြစ်နေပါသည်။(အိမ်က လူတွေကတော့
Dog Ear )ဟုခေါ်ပါသည်။ထို့ကြောင့် ကျွန်မသည်အပြင်ထွက်လျှင် ဘယ်တော့မှ ဆံပင်မစီးပါ။နားရွက်ကို လူတွေ တွေ့သွားမှာစိုးပါသည်။ထိုကြောင့် ဆံပင်ကြားထဲတွင်အမြဲတမ်းဖွက်ထားတက်ပါသည်။မပြည့်စုံတဲ့ဘ၀ကို အားငယ်လို့ပါ။.........ခွိ...ခွိ...ခွိ

၎။ကျွန်မသည်အသံကြားသနားပါစေ...ဆိုသောဆုတောင်းမှားခဲ့ပါသည်။ ကျွန်မသည် ပှံမှန်စကားပြောနေချိန်တွင်
ရန်ဖြစ်နေသည်ဟု ဘေးလူများက ထင်တက်ပါသည်။ဒေါသဖြစ်လျှင်တော့ လမ်းကြိတ်စက် သုံးစီးလောက်
အသံကို အသားလေးကျော်ပြောနိုင်ပါသည်။ကျွန်မတွင်ကြီးမားသော အသံကို ပိုင်ဆိုင်ထားပါသည်။

၅။ကျွန်မသည်ဒေါသထွက်လာလျှင် အသံကုန်အော်ပါတော့သည်။အသံကပိုက်ဆံပေးစရာ မလို။အလကားရပါသည်။ကျွန်မဧ။် ပစ္စည်းများကိုတော့ လက်ဖျားနှင့်တောင် မထိတက်ပါ။
ပျက်ဆီးသွားမှာ ကြောက်ပါသည်။အရမ်းကိုနှမြောတက်ပါသည်။

၆။အားပီးလျှင် ဘွတ်...ဘွတ်....ဘွတ် ဟုကျယ်လောင်စွာ ပါတက်သောလူများကို လုံးဝကြည်လို့မရပါ။တော်တော်မုန်းပါသည် ။ကျွန်မသည်ဘယ်တော့မှ အသံမထွက်ပါ။တကယ်ပြောတာ....
မယုံရင်.............????????????????????????????????????................................................................
.
.
.
မယုံလည်းနေပေါ့........................... ဟားဟားဟား

၇။ကျွန်မသည်အပြင်ထွက်ရခြင်းကို အရမ်းဝါသနာပါသည်။အပြင်မထွက်ရလျှင် ထမင်းစားမ၀င်ပါ။
(မုန့် စားလို့ပါ။) အိပ်၍မပျော်ပါ (နေ့လည်ဘက် အိပ်သောကြောင့် ဖြစ်ပါသည်။)သွားဖို့နေရာ မရှိလျှင်
ပဒုမ္မာလမ်းမှ ထွက် ဗားကရာလမ်း အတိုင်းလျှောက်ပြီး ဒဂုံစင်တာ နားထိရောက်အောင်သွားပြီး မရောင်မလည်နှင့် ဂမုန်းပွင့် ထဲသို့ သွားပြီး ၀င်းဒိုး ရှော့ပင်း ထွက်ပါသည်။ပြီးလျှင် ဓမ္မစေတီ လမ်းဘက်လျှောက်
ပြီးဓာတ်ဆီဆိုင်နားရောက်လျှင် ပြည်လမ်းမပေါ်သို့တက်ပြီး စမ်းချောင်းလမ်းအတိုင်းလာပြီအိမ်ရှေ့ကို
ုနှစ်ခေါက်လောက် ဖြတ်လျှောက်ပြီးမှ အိမ်ပေါ်တက်လေ့ ရှိပါသည်။ထိုအခါမျိုးမှ စားဝင်အိပ်ပျော်လေ့ရှိပါသည်။

၈။သူများအကြောင်းပြောရခြင်းကို ပျော်မွေ့ပါသည်။ဘာလာဂေါက်မရှိလျှင် ဘာညာနှင့်ကျွန်မသည် သူ့အကြောင်းကိုပြောပြီး ဘာညာမရှိလျှင် ကျွန်မနှင့် ဘာလာဂေါက်သည်သူမအကြောင်းကိုပြောလေ့ရှိပါသည်
သူတို့မရှိလျှင်အခြားသူများနဲ့သူတို့ အကြောင်းပြောလေ့ရှိပါသည်။သူများအကြောင်းပြောလျှင် တဟီးဟီး
တဟားဟားနဲ့ ပျော်ရွှင်နေတက်သည်။ကိုယ့်အကြောင်းအတင်းတုတ်သည်ဟုကြားလျှင် အသားများတုန်အောင်ပင်ဒေါသ ထွက်ပြီးလုံးဝမခေါ်တော့ပါ။

၉။ကျွန်မတွင်ပေါပေါများများသုံးသောအရာမှာ ကပ်စေးနှဲခြင်း ဖြစ်ပါသည်။အရာရာကိုနေရင်းထိုင်ရင်းကပ်စေး
နဲနေတက်သည်။ အားပီးလျှင်ပင်ဘယ်တော့မှ အားလုံးကုန်အောင်မပါတက်ပါ။(၀မ်းချုပ်နေလို့ပါ)

၁၀။ကျွန်မစကားပြောလျှင် ဆယ်ခွန်းပြောလျှင် တစ်ခွန်းပဲအမှန်ပါသည်။စကား အပိုတွေကို နည်းနည်းများများ
ပိုပြောတက်ပါသည်။အခုရေးလိုက်သော ဆယ်ချက်တွင်အောက်ဆုံးအချက်သည် အမှန်ဆုံးဖြစ်နိုင်ပါသည်။
အထက်ပါအချက်များသည် ပိုပြောသောအချက်များဖြစ်နိုင်ပါသည်။

No comments: