Sunday, April 29, 2007

ကျွန်မနှင့် peculiar များ


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ s-potato ဖြစ်ပါတယ်။


အစကတည်းကရေးချင်နေတာ..အခု ကိုယ့်ဆရာ ကိုဇော်မိုးအောင်လဲ Tag ထားတော့ အတော်ပဲ......တို့ရဲ့ Peculiar လေးတွေကတော့...

၁။ခြနှင့်မြွေ…ဟူသောသတ္တ၀ါနှစ်မျိုးအားသေမလောက် ရွံ့ရှာစွာကြောက်တတ်သည်။ ဓာတ်ပုံတွေ့လျှင်တောင် ကြက်သီးများထ……. ဒူးများတုန်လာတတ်သည်။ ပုလိပ်မြွေဘုရားအား သူငယ်ချင်းများနှင့်ရောက်စဉ် မြွေကိုမမြင်ရသောအကွယ်မှဘုရားဖူးပြီးဘုရားအပြင်မှထိုင်စောင့်ခဲ့သည်။(မိမိကိုယ်ကိုသုံးသပ်ချက်။ ။ ရှေးဘ၀က ဖား ဖြစ်ခဲ့ဖူးသည်ထင်၏)

၂။တသက်တာမျိုချ၍မရသောအသားနှင့်အသီး---ဖားသားနှင့်သီးသီး။ ပထမနှစ် Zoo Practical တွင်ဖားခွဲပြီးကတည်းကဖြစ်၏၊ သီးသီးကတော့အနံ့ရလျှင်တောင်မသောက်ရပဲမူးသည်။(မွေးရပါ….TheeThee Syndrome)

၃။အတင်းပြောတတ်သော၊ ဆံပင်အရှည်ထားသောပုရိသ ယောက်ျားသားများအားမျက်မုန်းကျိုးသည်၊ အလွန်………အလွန်………..အလွန်အမြင်ကတ်သည်။

၎။ဝီရိယမှာ Minus Level အထိကျဆင်းပြီး…..ဘယ်သွားသွား….ဘာလုပ်လုပ်နောက်ကျတတ်သည်။ပြီးမှပြာယာခတ်စွာ အမှားမှားအယွင်းယွင်းလုပ်တတ်သည်။(၀ါသနာ….၀ါသနာ)

၅။စာသင်ခန်းထဲတွင်ကြိုရောက်ပြီးဆရာအားစောင့်ရသောအလုပ်ကို တော်တော်လေးမနှစ်ခြိုက်သောကြောင့် ဆရာဝင်ပြီးနာရီဝက်(သို့) တစ်နာရီကြာမှရောက်သွားတတ်သည်၊ တခါတရံအတန်းပြီးခါနီး ဆယ်မိနစ်အလိုမှ ရောက်သွားတတ်သေး၏…:P

၆။ဒေါသထွက်ခဲပြီး ထွက်လာလျှင်လည်းပြန်ဝင်ခဲ၏ (…ဒေါသ….ဒေါသ) နီးရာရှိမကွဲတတ်သောပစ္စည်းများအား ရွေးချယ်ကိုင်ပေါက်တတ်သည်။(ကွဲသွားရင် နှမြောစရာ)

၇။ဒေါသထွက်လျှင် ငို၏၊ပျော်ရွှင်လျှင် ငို၏၊စိတ်ဓာတ်ကျလျှင် ငို၏၊ အလွမ်းရုပ်ရှင်ကြည့်ပြီး ငိုတတ်၏၊ ကြည်နူးစရာဇာတ်ကားများတွင်လည်းပီတိ မျက်ရည်ကျ၏…… (ie…အငိုသန်တယ်ပေါ့ကွယ်)

၈။အလုပ်များကို ပုံမှန်မလုပ်၊စုပုံထားပြီးအချိန်လွန်မှ မနိုင်မနင်း အပြီးဆောင်ရွက်တတ်သည်။ (ဥပမာ။ ။ စာကျက်ခြင်း၊ အ၀တ်လျှော်ခြင်း၊ မီးပူတိုက်ခြင်း)

၉။ကလေးတပြုံကြီးချီထားသော သူတောင်းစားများအား ဘယ်သောအခါမှပိုက်ဆံမထည့်။ သူတို့သည်တလွဲဆံပင်ကောင်းနေသည်ဟု
ထင်မြင်မိသောကြောင့်ဖြစ်၏။

၁၀။ဟိုမရောက်၊ဒီမရောက်ယောက်ျားလျှာမိန်းမလျှာများအား အထင်မကြီးတတ်၊နှာခေါင်းရှုံ့တတ်၏ ကတုံးတုံးပြီးနေပူထဲအခြောက်ခံထားချင်သည်။

၁၁။ I am a talking machine. သောကြာနှင့်နီးသော စနေ သမီးပီပီ မရပ်မနားတရစပ် စကားပြောနိုင်၍ မိမိကိုယ်ကိုပင်
အံ့သြချီးကျုးမိသည်၊(ငါကွ)

。。。。Next Two

ကိုခွန်မောင်

ရတနာချို

Do ရင် အင်တာနက်သုံးတိုင်းconnectionကောင်းပြီး၊

ကမ္ဘာကျော်ကြီးဖြစ်ပါစေ (ဘာနည်းနဲ့ပဲကျော်ကျော်……………….)

Don't ရင် ဖူးစာဖက်ချောချောလေးနဲ့လွဲပါစေ၊

လမ်းသွားတိုင်းခလုတ်တိုက်ပါစေ၊ထိပ်ပြောင်ကြီးဖြစ်ပါစေ၊

အင်တာနက်သုံးတိုင်း connection ပြုတ်ကျပါစေ။

No comments: