Tuesday, May 1, 2007

10 Weird Things About Me


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ Kitty-for-me ဖြစ်ပါတယ်။


မျိုးကျော်ထွန်းက Tag လုပ်ထားတာ အခုမှတွေ့တယ်။
အခုတစ်လော အဲဒါလေး ခေတ်စားနေတယ်နော်။
ဘလော့တိုင်းလိုလိုမှာ တွေ့နေရတယ်။
ကိုယ့်အကြောင်းတွေ ကိုယ်ပြောရတာပေါ့လေ။
ထူးထူးဆန်းဆန်းလေးတွေ မကောင်းတဲ့အကျင့်လေးတွေပေါ့။ ဟဲဟဲ


၁။ ချိန်းထားတာ နောက်ကျရင် အရမ်းစိတ်ဆိုးတတ်ပါတယ်။ ၅ မိနစ်လောက်
နောက်ကျလဲ စိတ်ဆိုးပါတယ်။

၂။ စိတ်ကောင်းရှိမလိုလိုနဲ့ တစ်ခါတစ်လေ စိတ်ပုတ်ပါတယ်။

၃။ ကိုယ့်ကိုတစ်ခုခုလုပ်သွားရင် အခွင့်အရေးရရင် ရသလို ပြန်တုံ့ပြန်
တတ်ပါတယ်။

၎။ ပင့်ကူအိမ်တွေကို အရမ်းမုန်းပါတယ်။ မျက်နှာကြက်မှာပဲ ဖြစ်ဖြစ်
ဘယ်မှာပဲဖြစ်ဖြစ် ပင့်ကူအိမ်တွေရှိရင် အရမ်းရွံပါတယ်။

၅။ မြွေကို အရမ်းကိုကြောက်ပါတယ်။ ကာတွန်းရုပ်ပဲ ဖြစ်ဖြစ် ပုံပဲဖြစ်ဖြစ်
စာအုပ်မှာပါရင် အဲဒီစာအုပ်ကို မကိုင်ရဲတဲ့အထိ ကြောက်ပါတယ်။

၆။ အမြဲတမ်းစိတ်လောတတ်ပါတယ်။ တစ်ခုခုဆို အမြဲတမ်း လောလောနဲ့
လုပ်တတ်ပါတယ်။ စိတ်လှုပ်ရှားရင် ချွေးပြန်တတ်ပါတယ်။

ရ။ အကြောင်းတစ်ခုခုကြောင့် လူတစ်ယောက်ကို ကြည့်မရရင် သူဘာလုပ်လုပ်
အကောင်းလဲ မမြင်တော့ပါ။ မျက်နှာခြင်းဆိုင်တွေ့ရင်တောင် လူမှုရေးအရ နှုတ်ဆက်
ရမှာ အင်မတန်ဝန်လေးပါတယ်။

၈။ အင်တာဗျူးဖြေရတာ အရမ်းကိုကြောက်ပါတယ်။ ဘာကိုကြောက်မှန်းမသိ
ကြောက်ပါတယ်။

၉။ ပတ်ဝန်းကျင်အသစ်တစ်ခုမှာ ချက်ခြင်းမရင်းနှီးတတ်ပါ။ (ရုံးမှာ အလုပ်လုပ်တာ
တစ်နှစ်နဲ့လေးလရှိပြီ။ အခုထိ မသိသေးတဲ့သူတွေ ရှိနေပါသေးတယ်။)

၁၀။ အလွယ်တကူ စိတ်တိုတတ်ပါတယ်။ ပြီးရင် မေ့ပျောက်လဲလွယ်ပါတယ်။

ရည်မွန် ပြန်ပြီး Tag လုပ်ချင်တဲ့ သူငယ်ချင်းတွေကတော့...
တော်မီ
မဒီ
ပန်းပွင့်လေး

No comments: