Saturday, April 28, 2007

Tag Tag and Awayyyyyy


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ဘာညာ ဖြစ်ပါတယ်။

ကဲ....အင်မတန်မှကိုလက်ဆော့တတ်တဲ့ ကိုတတ်စလာကြီးကနေ ဘာညာကို Tag လိုက်တယ်တဲ့။ ဘာတုန်းဟ Tag တယ်ဆိုတာဖတ်ရင်းနဲ့ ကိုယ့်ပေါင်ကိုလှန်ထောင်းရမယ့်အဖြစ်ပါလားဆိုတာနား လည်သွားပါတယ်။

အင်း..သူကတဲ့ ကိုယ့်ရဲ့ ပုံမှန်မဟုတ်တဲ့ ထူဆန်းတဲ့အမူအကျင့် ၁၀ ခုကိုဖေါ်ပြပါဆိုလို့ဖေါ်ပြလိုက်ရပါတယ်။ ကိုတတ်ကြီးက မရေးရင်ဘာဖြစ် ညာဖြစ်ဆိုပြီး ပြောထားတော့ ဘာညာတို့ကကြောက်ပြီး ရေးရရောပေါ့။

၁။အင်မတိအင်မတန်ပူတဲ့ရာသီဥတုမျိုးမှာတောင်ရေချိုးဖို့အတော်အားယူရသည်။
(ရေကြောက်တာကိုး...)

၂။ငယ်ငယ်တုန်းက ရှုးရှုးတွေအီးအီးတွေအများကြီးပါပါချတတ်လို့ မူကြိုခဏခဏ
အထုပ်ခံရဘူးသည်။ (၄ ကျောင်းပြောင်းဘာညာကွ...)

၃။ငှက်ပျောသီးကို အရှည်လိုက်ကိုက်စားသည်။

၎။အ၀တ်အစားဝတ်ရင် အင်္ကျီထပ်ရဲ့အပေါ်ဆုံးမှာ ရှိတာကိုပဲဆွဲဆွဲ ၀တ်သည်။ (
ဝမ်းဆက်တွေဝတ်ရမှာ အင်မတန်မှ ရှက်သည်...oneset Phobia..ဟိ)

၅။သရေကွင်းအထွေးလိုက်မြင်ရင် အန်တတ်သည်။ (ဆရာဝန်ကပြောတော့ rubber band phobia ဖြစ်နေသည်တဲ့..ဟိဟိ Phobia တွေအများကြီးပဲ။)

၆။တစ်ခါတစ်ခါ မျက်နှာသစ် ဘာညာဘာညာတွေလိမ်းပြီးမှ ရေချိုးတတ်သည်။
ရေချိုးတော့ မျက်နှာစိုမည်စိုးသောကြောင် မော့မော့မော့မော့နှင့်ပေါ့လေ...။

၇။ဝက်သားဒုတ်ထိုးကိုတစ်ရေးနိုးခေါ်ကျွေးတောင်စားသည်။

၈။ဆံပင်တစ်ခါညှပ်ပြီးတိုင်း ၂ ရက်လောက်ငိုသည်။
(ပုံပျက်သွားပြီဆိုပြီးတော့လေ..ဟိဟိ တစ်ကယ်တမ်းတော့လှပါတယ်..ကွိ)

၉။ခင်တဲ့သူတွေကို " မကြီး" တို့ " ကြီး" တို့ တပ်ခေါ်တတ်သည်။ ဥပမာ-
ကိုတတ်စလာမကြီး၊ ကိုရန်အောင်မကြီး၊ မဂျစ်မကြီး ဆိုပြီးတော့
(ချိတ်ဆိုးရ၀ူးနော့်)

၁၀။ ၂ ပတ်လုံးရေမချိုးပဲနေဘူးသည်။ ၂ ရက်ဆက်အိပ်ဘူးသည်။
ဗိုက်အလွန်စာ..စားစရာမရှိသောကြောင့် ငါးပိထောင်းဘူးကိုတစ်ဘူးလုံးကို
ကလော်စားဘူးသည်။ ညညအိပ်ရင်ခဏခဏအော်ရီတတ်သည်။

ကဲ..ဘာညာကတော့ ဒီလောက်ပါဘဲ။ငှဲငှဲ..ကိုယ့်အလှည့်ရောက်ပါဘီ။
နောက်ချောက်တွန်းမည့်သူများ..အဲလေဟုတ်ပါဝူး... Tag မည့်သူများကတော့

ကိုရန်အောင်
ကိုကဒေါင်း
ကိုဘလာဂေါက် တို့ပဲဖြစ်ပါတယ်။

မှတ်ချက်- Tag ပြီးသူများပြန်မ Tag ရ.. Tag ခံရသူများ မရေးပါက သူ့၏
Blogger Database တစ်ခုလုံး hack ခံရစေသတည်း....။

No comments: