Saturday, April 28, 2007

နာလည်း တက်မယ် ချန်မထားနဲ့


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ကဒေါင်းညင်သာ ဖြစ်ပါတယ်။

နာလည်း တက်မယ် ချန်မထားနဲ့

အင်း.. ကဒေါင်းညင်သာလဲ ကလေးတွေ ကစားဝိုင်းထဲ ပါရပြန်ပြီတမုံ့။ တကယ်တည်း ဒီမှာ နိုင်ငံရေး အဟွတ် အဟွတ် အဟွတ်.. တွေ အသေချာ တွေးပြီး ရေးနေတာ.. တနေ့ကလား မသိ. ဘာညာကြီးရဲ့ ဘလော့ကိုဝင်.. ဟိုက် တက်နေတယ်ဟ တက်နေတယ်ဟ ဆိုလို့ ၀ိုင်း ခြေမချိုးပေးခဲ့ရတာကလား။။ ခြေမလဲ ချိုးပြီးရော.. ကျေးဇူးရှင်ကို ကျေးစွပ်တယ်ပေါ့.. နာ့ကိုပါ ၀ိုင်း တက်ခိုင်းပြန်ပြီ။ အခု အရေးကြီးတာက ဘယ်သူတွေကို တက်ခိုင်းရမှန်းမသိ။ (ဘယ်သူတွေက တက်ပြီးပြီမှန်းလဲ မသိ.. နာတိသလောက် တက်စလာ၊ ဘာညာ၊ မျက်လုံး၊ အိမ်ချမ်းမြေ့၊ မာမီရန် တို့တော့ တက်ပြီး ကုန်ကြပြီ။) ဒီတော့ ကျန်တဲ့ သူတွေထဲက ဘယ်သူက တက်ခိုင်းရမလဲဆိုရင်.. ဟဲဟဲ ကိုဂျန်နရေးရှင်း.. (မဖြစ်ဘူး.. သူက ရုပ်တည်ကြီးနဲ့ သူ့သမိုင်းဘလော့မှာ အတက်မခံဘူးဆို ဒုက္ခ) ကိုသန့်ဇင်အောင်.. (သူမတက်သေးဘူးတဲ့..) မမေဓာဝီ (ဟဲဟဲ ရုပ်တည်ကြီးနဲ့ တက်ခိုင်းရမယ်).. နောက် ဘယ်သူ ဘယ်သူ.. ရွှေမိုးတိမ်ကြီး.. ဟဲဟဲ သုံးယောက်ရပြီကွ..

ကဲကဲ.. tag တယ်ဆိုတာကတော့ မြန်မာဘလော့ဂါများ ညီညွတ်မှုကို ပြတယ်ဆိုတဲ့သဘောသက်ရောက်ပါတယ်။ ကျနော်လဲ ပျော်ပျော်ပါးပါး ညီညီညွတ်ညွတ်နဲ့ တက်လိုက်ပါတယ်။ တက်တယ်ဆိုတာ တခြားမဟုတ်ဘူးဗျ.. ကိုယ့်ရဲ့ အူအကြောင်ဆုံး ၁၀ ချက် ချရေးလိုက်တာပါ.. ဘယ်ကောင် ထွင်သွားတယ် မသိပါဘူးဗျာ.. တွေ့ရင် ပြောရအုံးမယ်.. ဘယ့်နှယ် အဲလို ရေးခိုင်းလဲ.. မသကာ ကိုယ့်ရဲ့ အတော်ဆုံး ၁၀ ချက် ချရေးခိုင်းတာ မဟုတ်ဘူး.. ဟွန့်

အူအကြောင်ဆုံး ၁၀ ချက်

၁) အိမ်သာတခါတက် နာရီဝက်ပဲ ကြာပါတယ်။ ဟီဟိ.. မနက် တခါ အိမ်သာမတက်ရရင် အလုပ်လုပ်ချင်စိတ်ကို မရှိပါဘူး.. အိမ်သာထဲ စိတ်ရောက်နေလို့ ခွိခွိ

၂) မနက်ဖက် မုန့်စားပြီးတိုင်း အိမ်သာတက်ပါတယ်။ မုန့်မစားဘဲ အိမ်သာတက်မိရင် တက်ပြီးရင် မုန့်ကို မစားမဖြစ် စားပါတယ်။ ဘာမုန့်လဲ ဆိုတာ အရေးမကြီးပါ။ အိမ်သာတက်ခြင်းနှင့် မုန့်စားခြင်းသည် အမြဲ ဒွန်တွဲနေရန် အရေးကြီးပါသည်။

၃) နေ့လည်ဘက် ၁၂ နာရီကျော်လျှင် အလုပ်မလုပ်ချင်တော့ပါ။ Lunch break ကို လည်တရှည်ရှည်နှင့် စောင့်ပါသည်။ Lunch break မပြီးမချင်း အလုပ်ပြန်မလုပ်ပါ။ Lunch break မပြီးခင် အိမ်သာထပ်တက်ပါသည်။ အိမ်သာမတက်မိလျှင် Lunch break ပြီးသော်လည်း အလုပ်ထပ်မလုပချင်တော့ပါ။

၎) ညနေ ၅ နာရီကျော်လျှင် ဗိုက်ထပ်ဆာပါသည်။ ထိုအချိန်မှစ၍ အလုပ်ဆက်မလုပ်တော့ပါ။ ဗိုက်ကို အလေလိုက်ပါသည်။ ဘေးနား ချကျွေးသမျှ စားပါသည်။ ဘဲပေါင်းဖြစ်ဖြစ် ကြက်ကင်ဖြစ်ဖြစ် အနားတွင် ချကျွေးသမျှ စားပါမည်။

၅) ညဘက် ၁၀ နာရီကျော်လျှင် အိပ်ပါသည်။ ၁၂ နာရီထက်ကျော်ပြီး အိပ်မိပါက နောက်နေ့ MC ယူပါသည်။ MC ယူခြင်း မယူခြင်းသည် အိပ်ရေးဝခြင်း မ၀ခြင်းနှင့် အချိုးကျလျက်ရှိပါသည်။

၆) တနေ့ အလုပ်ချိန် ၆ နာရီထက် ပိုလုပ်မိလျှင် နောက်နေ့တွင် အိမ်သာ ၂ ခါ ပိုတက်ပါသည်။ တခါ နာရီဝက်ဖြစ်လို့ ၁ နာရီ အချိန်ပိုယူလိုက်ပါသည်။ ထိုအချိန်အတွင်း ဟန်းဖုန်းဖြင့် ၀တ္ထုဖတ်ပါသည်။ ဟီဟိ

၇) တနေ့ ကွန်ပျူတာရှေ့တွင် ၁၄ နာရီ မနေရလျှင် အိပ်မပျော် စားမ၀င်ပါ။ အလုပ်တွင် ကွန်ပျူတာ နှိပ်၍ အိမ်တွင် ထပ်နှိပ်ပါသည်။ ဘယ်လောက်နှိပ်လဲဆိုရင် တလောက ညာဘက်လက်မှာ မောက်စ်သုံးတာများလို့ လက်ပြဲသွားဖူးပါသည်။

၈) အင်တာနက် မရှိလျှင် ရေမရှိသော ရေမြင်းကဲ့သို့ ပါးစပ်တဟဟ ဖြစ်နေတတ်သည်။ ထို့ကြောင့် ရန်ကုန်ပြန်တုန်းက ဒဂုံစင်တာကို နေ့တိုင်း သွားပါသည်။ အင်တာနက်ပေါ်တွင် ဂူဂယ်လ်စာမျက်နှာကို မမြင်ရလျှင် သေလုမတတ် ခံစားရပါသည်။

၉) ကျောင်းတုန်းက ပရောဂျက်များကို ဖင်နားကပ်ပြီး လုပ်ပါသည်။ ပရောဂျက်တခုဆို ညလုံးပေါက်လုပ် မနက်ကနေ ညနေထိ ကျောင်းသွား ပရောဂျက်ထပ် ကျောင်းတက်၊ ကျောင်းက ပြန်တာနဲ့ ညစာမစားဘဲ တန်းအိပ်ပြီး နောက်နေ့မနက်မှ မနက်စာနဲ့ ညစာပေါင်းစားခဲ့ရပါသည်။

၁၀) အလွန်ကပ်စေးနဲပါသည်။ ဘယ်လောက် ကပ်စေးနဲလဲဆိုရင် တစ်ရှုးပေပါကို အလွှာလိုက်ခွါ၍ သုံးဖူးပါသည်။ ဟီး (အလှု စားပွဲတွေက ရတဲ့ တစ်ရှုးပေပါတော့ ဒီလိုပဲ အတုံးလိုက် သုံးလိုက်တာပေါ့)

ဟဲဟဲ.. ဘာပဲဖြစ်ဖြစ် ကျနော့် ဒီပို့စ်တခုနဲ့ မြန်မာဘလော့ဂါများ ညီညွတ်လာမှုကို အသိအမှတ်ပြုနိုင်ရင် ကျေနပ်ပါပြီ။

ကျနော်တက်လိုက်သူများက ကိုသန့်ဇင်အောင်၊ မမေဓာဝီ နဲ့ ရွှေမိုးတိမ်တို့ပဲ ဖြစ်ပါတယ်။ လက်ခုပ်တီးကြပါ။

ကဒေါင်းညင်သာ

No comments: