Saturday, April 28, 2007

ဂျစ်တူး နှင့် တက် ခြင်း နောက်ဆက်တွဲ


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ဂျစ်တူး ဖြစ်ပါတယ်။


တက် ကြတဲ့ ကစားနည်း ပြီးပြီမှတ်နေတာ ၊ ခုတော့ ညီမလေးရည်မွန်က ပြန် တက် လိုက်ပြန်လို့ သူ့ အတွက် နောက်ထပ် ရေးပေးလိုက်ပါတယ် ။ ဟီဟီ ဂျစ်တူးဆိုတာ ထူးခြားချက်တွေများတဲ့ ခပ်ကြောင်ကြောင်လူတယောက်ဆိုတာ ပိုပြီး သေချာသွားအောင်ပေါ့ ။


အရင်ရေးထားတဲ့ အချက်ဆယ်ချက်အပြင် နောက်ထပ် အပိုဆောင်းထားတာတွေကတော့...

(၁၁) လက်မကြာခဏ ဆေးတတ်သည်... အပြင်မသွားခင် ဖိနပ်ဘူး သို့မဟုတ် ဖိနပ်စင်ထဲမှ ဖိနပ်ထုတ်ပြီး ၊ လက်ဆေးသည် ။ အပြင်မှ အိမ်သို့ ပြန်ရောက်ရောက်ချင်း ဘာမှ မကိုင်ခင် လက်ဆေးသည် ။ လျှော်စရာ အ၀တ်များ အ၀တ်လျှော်စက်ထဲ ထည့်ပြီး လက်ဆေးသည် ။ ဖိနပ်ဆိုင်တွင် ဖိနပ်များကို ကိုင်ကြည့် စီးကြည့်ပြီး လက်ဆေးရသည် ။ အိမ်သာမှ ဆင်းတိုင်း လက်ဆေးပြီး အိမ်သာတံခါးလက်တံကို ပါရှိသော တစ်စ်ရှူးနှင့် ကိုင်ဖွင့်တတ်သည် ။ လက်နှင့်စားရမည့် အစာမစားခင် လက်ဆေးသည် ။

(၁၂) အိမ်သာသုံးစက္ကူကို အသုံးမပြုခင် သေချာ အကျအန အချိုးကျ ခေါက်ပြီးမှ သုံးတတ်သည် ။ (ငယ်ငယ်ကတည်းက အဖေ အကျင့်လုပ်ပေးထားတာ)

(၁၃) သွားဆရာဝန်ထံ နှစ်စဉ်သွားရတာ အလွန်ဝန်လေးသည် ။ သွားတိုင်း ပါးစပ်ထဲ တံတွေးစုပ်သော အတံကြီး ထည့်ထားရတာ အလွန်ရွံတတ်သောကြောင့် ၊ သွား အလုပ်ခံနေစဉ် ၁ မိနစ်ခြားတခါ ပျို့တက်တတ်သည် ။ (ဒါကြောင့် နှစ်ပေါင်းများစွာ တစ်ယောက်တည်းသော အလွန်စိတ်ရှည်သော သွားဆရာဝန်ထံပဲ နှစ်စဉ် သွားပြလေ့ရှိသည်)

(၁၄) စိတ်ညစ်နေသောအခါ ဘယ်သူနှင့်မှ စကားမပြောချင်ပဲ ၊ အခန်းတံခါးပိတ်ပြီး စာအုပ်တအုပ် ဖတ်နေတတ်သည် ။

(၁၅) အချစ်နှင့်ပတ်သက်သော ခံစားချက်များကို ထုတ်ဖော်ပြဖို့ အရမ်းဝန်လေးသည် ။ (ဒါကြောင့် တစုံတယောက်က အသဲနှလုံး မာကျောသည်ဟု စွပ်စွဲဖူးသည် ။)

ဒါကတော့ ရည်မွန် တက် လိုက်လို့ ထပ်ဆင့်ရေးပေးလိုက်တာပါ ။ အားလုံးနီးပါးလည်း တက်ညီလက်ညီ စည်းစည်းလုံးလုံးတက် ပြီးကြပြီမို့ ၊ နောက်ထပ်တော့ မ တက် တော့ပါဘူး ။

No comments: