Sunday, April 29, 2007

ပန်ဒိုရာ ရဲ့ ထူးဆန်းသော အချက် ၁၀ ချက်


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ပန်ဒိုရာ ဖြစ်ပါတယ်။


ပန်ဒိုရာ ရဲ့ ထူးဆန်းသော အချက် ၁၀ ချက်

၁) ဘယ်နှင့်ညာကို ဗြုန်းစားကြီးဆိုရင် ခွဲခြားလို့မရခြင်းမြန်မာလို ဘယ်ညာ ဖြစ်ဖြစ် ၊ အင်္ဂလိပ်လို left right ပဲဖြစ်ဖြစ် ပြောလိုက်ရင် ၃ စက်ကန့် လောက် အနည်းဆုံး အချိန်ယူ စဉ်းစားလိုက်မှ ခွဲလို့ရတယ်။

၂) ပန်းချီဆွဲတာကို စနစ်တကျ မသင်ဖူးပေမယ့် ပုံတူဆွဲနိုင်ခြင်း။ တခါတခါဆိုရင် စိတ်ပါရင် တော်တော့်ကိုတူတယ်။

၃) စကားဝိုင်းတစ်ခုမှာ လွှမ်းမိုးချင်သူ တစ်ယောက် ပါလာလျှင် ကိုယ်ပြောစရာ ရှိနေလည်း လုမပြောချင်ပဲ သူပဲပြောပါစေတော့လို့ လွှတ်ပေးတတ်ခြင်း

၎) စိတ်ညစ်ရင် အိပ်ပစ်တတ်ခြင်း

၅) ခေါင်းတစ်ခြမ်းက ပိုပြားနေသဖြင့် တစ်ဖက်တည်းကို အမြဲလိုလို စောင်းအိပ်တတ်ခြင်း။ (ဒီကိစ်စ ဆံပင်ညှပ်တဲ့လူကတော့ သိတယ်.ဟီး)

၆) ကိုယ်ကြိုက်တာနဲ့ ကိုယ်လိုချင်တာ ပိုင်ဆိုင်ချင်တာနဲ့ တခြားစီ ဖြစ်တတ်ခြင်း။ ဆိုလိုချင်တာက ကြိုက်တာတိုင်းကို မလိုချင်ပါ။

၇) ကိုယ်တိုင်တော့ အားကစား ဘာမှမလုပ်သော်လည်း ဘောလုံး ဂေါ့ဖ် တင်းနစ် စသည့် အားကစားပွဲများ ကြည့်ရန် ၀ါသနာပါခြင်း

၈) တခါတခါ သွက်လက်ပုံပေါ်ပြီး တခါတခါ အေးဆေးပုံပေါ်တတ်သဖြင့် လူအမျိုးမျိုးထံမှ ဆန့်ကျင်ဖက် ကောက်ချက်ချခံရခြင်း

၉) မည်သည့် ရုပ်ရှင်မင်းသား မင်းသမီးကိုမှ စွဲစွဲလန်းလန်း မကြိုက်ခြင်း

၁၀) လမ်းမမှတ်မိတတ်ခြင်း။ ဒါတောင်မှ တိုးရစ်ဂိုက်လုပ်ရင် ကောင်းမလားလို့ တချိန်က စဉ်းစားဖူးသေးတယ်။

ကဲ ဘယ်သူ့ကို ဆက် တက်ဂ် ရပါ့မလဲ။
ကဒေါင်းညင်သာ နဲ့ လင်းလက်ကြယ်စင် ပေါ့

No comments: