Sunday, April 29, 2007

ကျမအကြောင်း တစ်စွန်းတစ်စ


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ YeeMon ဖြစ်ပါတယ်။

မအိမ့်ရဲ့ အကြံပေးချက်ကြောင့် ကျမရဲ့ ထူးခြားမှုလေးတွေ ပြောပြပါမယ်။အမှန်တော့ ကျမကိုယ်ကျမ မသိဘူးရှင့်။ဒါကြောင့် သတိထားမိတာလေးတွေ ပြောပြမယ်။

၁) မိုးလင်းရင် အိပ်ရာက မထချင်ပါဘူး။ပျင်းလို့ လဲပါတယ်။ နိုးလဲမထဘူး။ ဟိုစဉ်းစား။ ဒီစဉ်းစား စဉ်းစားလွန်လွန်းတယ်။ အမေလုပ်တဲ့သူက မနေနိုင် လာနှိုးမှ မထချင်၊ထချင် ထပြီး classရှိရာကို သွားတယ်။

၂) ရေချိုးရင် မပြီးတော့ဘူး။အကြာကြီး အချိန်ဆွဲပြီး ချိုးတယ်။တစ်ခါမှတော့ ရေချိုးလို့ နေမကောင်းမဖြစ်ဖူးဘူး။

၃) စကားပြောရင် ဆရာကြီးလုပ်တတ်တယ်။ငါတော်၊ငါတတ် တွေလောက် မပြင်းပေမဲ့ တွေ့ သူတိုင်းကို ကလေးတွေကို ပြောသလို လုပ်တတ်တယ်။computer စသင်တုန်းကဆို ဆရာကို ပြန်ဆရာလုပ်တယ်။ လူတိုင်းကိုမေးချင်တာတွေ အရမ်းများတယ်။ ကိုယ့်ကိုယ် ပြန်မေးရင်(ဒါမှမဟုတ်)ပြောခိုင်းရင်တော့ ဆရာလုပ်တာကလွဲပြီး ကျန်တာ မပြောချင်ဘူး။

၎) သနပ်ခါး ကြိုက်တယ်။ ဒါပေမဲ့ သွေးရမှာ ပျင်းလို့ မလိမ်းဘူး။ရှင်မတောင် အနံ့ ပဲကြိုက်တယ်။ဘယ်လို ready made သနပ်ခါးအနံ့ မှ မကြိုက်ဘူး။

၅) အေးချမ်းတဲ့နေရာမှာ နေရတာပျော်တယ်။လူအရမ်းများရင် ခေါင်းမူးတယ်။မကြိုက်ဘူး။လျှပ်စစ်မီး အရမ်းလင်းနေရင် မကြိုက်ဘူး။

၆) ကဗျာကြိုက်တယ်။ အခုတလော ကဗျာတွေကို ခံစားချက်ပြောင်းပြီး ရေးနေတယ်။အရင်က တုံးတိုက်တိုက်၊ကျားကိုက်ကိုက် ပရမ်းပတာ ကဗျာတွေရေးတယ်။အခု နည်းနည်း နုရွတတ်လာတယ်။

၇) စာရေးလိုက်၊ကဗျာရေးလိုက်၊သီချင်းဆိုလိုက်၊ဂစ်တာတီးချင်လိုက်၊ပညာတတ်ကြီး ဖြစ်ချင်လိုက်လိုင်းစုံတယ်။ မည်မည်ရရ စိတ်ဝင်စားတာကတော့ ပညာရေးပဲ။ကဗျာလည်းရေးတယ်၊ဆောင်းပါးလည်း ရေးတယ်။ ကလောင်နာမည်က ရည်မွန်ထိပ်ထား တဲ့။ထိပ်ထားဆိုလို့  တစ်မျိုးမထင်နဲ့ နော်။မင်းရူးမျိုးနွယ်ကလာတာ မဟုတ်ပါဘူး။

၈) ကျမကို သူများ ဝေဖန်ပေးတာကို လိုလားတယ်။အားမနာတမ်းသာ ဝေဖန်ပေး။မမုန်းဘူး။လိုအပ်ချက်ကို သိရတာပေါ့။

၉) သရဲကြောက်တတ်တယ်။ရုပ်ဆိုးတဲ့သူများကို မြင်ရင် ပိုဆိုးတယ်။လန့် ပြီး ကြောင်နေရော။

၁၀) ကိုယ့်ကိုယ်ကိုယ် အားမရဘူး။ဘာလုပ်လုပ် နည်းနည်းတော့ လိုနေတယ်။ ကဗျာတွေဆိုရင်လည်းရိုးလွန်းတယ်။ လူကို ပြန်ကြည့်တော့လည်း ကြိုးစားဖို့ ဆိုတာ ဝေလာဝေးပဲ။ ဥာဏ်လေးက ကူနေလို့ သာ တော်သေးတာ။

ဒီလောက်ဆိုရင် မအိမ့် tag လုပ်တဲ့ ရည်မွန် ဘယ်လောက်ဆိုးလဲ သိမယ်နော် မမအိမ့်။ ရည်မွန်က မမတို့ ထက်ငယ်ပါတယ်။၁၆ နှစ်တောင် မပြည့်သေးဘူး။ရင်းရင်းနှီးနှီး အားလုံးက ရည်မွန်လို့ ခေါ်နိုင်ပါတယ်။

ကဲ အခု ရည်မွန် tag ပြန်လုပ်မှာက

၁) မမ အိမွန်စိုး(မမက ထပ်ရေးပေးပေါ့နော်)

၂) မမ ဂျစ်တူး

၃) ကို မြတ်ဇော်လင်း တို့ ဖြစ်ပါတယ်။

No comments: