Sunday, April 29, 2007

ပုံမှန်မဟုတ်တဲ့ ထူးဆန်းတဲ့ အမူအကျင့် (၁၀)မျိုး


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ဟေမာ ဖြစ်ပါတယ်။


ပုံမှန်မဟုတ်တဲ့ ထူးဆန်းတဲ့ အမူအကျင့် (၁၀) မျိုးရေးပါရန် ဆရာရန်အောင်မှ tagging လုပ်လာပါသဖြင့် ကျွန်မ၏ (၁၀) မျိုးမက များလှစွာသော ထူးဆန်းထွေလာများအနက်မှ အသိသာဆုံး (၁၀) မျိုးကိုယခုကဲ့သို့ကြေညာလိုက် ရပါသည်။

(၁) ဘလောက်ရေးခြင်းနှင့် ဖတ်ခြင်း ၌ဝါသနာပါသော်လည်း C-box တပ်ရန်အကြောင်းမဲ့စွာ ဝန်လေးနေမိပါသည်။

(၂) ပုံမှန်မဟုတ်တဲ့ ထူးဆန်းတဲ့ အမူအကျင့်ဆိုရာတွင် ဘယ်အရာကိုပုံမှန်ဟုသတ်မှတ်ကြပြီး ဘယ်အရာကိုပုံမှန် မဟုတ်ဟုသတ်မှတ်ကြပါသနည်း? ။ ပုံမှန်ဟုတ်ခြင်း မဟုတ်ခြင်းဆိုသည်များမှာ လူတို့၏ ပညက်ချက်များမှဆင်း သက်လာခြင်းပင်မဟုတ်ပါလော။ ဤကဲ့သို့စောဒကအမြဲတတ်လေ့ရှိပါသည်။

(၃) လူအများရယ်မောဝိုင်းဖွဲ့နေသော စကားဝိုင်းနှင့်ကြုံလျှင် ဝင်မနှောက်ယှက်လိုသဖြင့် ရှောင်သွားလေ့ရှိပါသည်။

(၄)အစ်ကိုမောင်များကြားတွင် ကြီးပြင်းလာရသဖြင့် ကျွန်မကိုယ်ကျွန်မယောက်ျားလေး ထင်နေမိသည်မှာ ရည်းစားဦးရသည်အထိဖြစ်သည်။ ဟဲဟဲ

(၅) ကျွန်မ၏ချစ်သူတွင် သူငယ်ချင်းမိန်းခလေးများစွာရှိခြင်းအား ကျွန်မလုံးလုံးမကြိုက်ပါ။

(၆) ငယ်စဉ်ကသင်ခဲ့ရသည့် ယုန်နှင့်လိပ်ပုံပြင်ထဲက ဥပမာကိုပြရလျှင် ကျွန်မသည်အပျင်းကြီးသော ယုန်ဖြစ်ပါလိမ့်မည်။ ဇွဲလုံ့လနည်းပါးခြင်းကိုဆိုလိုပါသည်။

(၇)တစ်စုံတစ်ယောက်အား စိတ်ခုမိပြီဆိုလျှင် စကားလုံးလုံးမပြောတော့ပါ။ စိတ်ပြေသွား လျှင်တော့ကျွန်မကပဲ ပြန်စခေါ်ရခေါ်ရဆိုတာမျိုးထဲကဖြစ်ပါသည်။

(၈) အချစ်ကြီးသလိုအမျက်လည်းအလွန်ကြီးသူဖြစ်ပါသည်။ ကျွန်မ၏အကျင့်ဆိုးတစ်ခုမှာ ကျွန်မအမျက်ကြီး ပြီဆိုလျှင် ကျွန်မအမြတ်နိုးဆုံးပစ္စည်းကိုရွေးပြီး ဖျက်ဆီးပစ်ရမှကြေနပ်သူဖြစ်ပါသည်။ ရှောင်ကြလော့။


(၉)မှန်လုံယာဉ်စီးလျှင်အမြဲမူးတတ်ပါသည်။ ခရီးသွားစဉ်မူး၍အန်ချင်လာလျှင်နီးရာလူအပေါ် ဒုက္ခပေးလေ့ရှိပါသည်။

(၁၀)ညအချိန်မတော်အိပ်မပျော်လျှင်လမ်းထလျှောက်တတ်သည်။(ကိုယ့်အခန်းထဲမှာကိုယ်လျှောက်တာပါ။)


ဤတွင်ရပ်နားလိုက်ပါမည်။စည်းကမ်းအတိအကျလိုက်နာ၍ (၁၀)ချက်အတိရေးခြင်းမဟုတ်ရပါ။
အခြားလူများရေးစရာမကျန်မှာကိုစိတ်ပူသဖြင့်ဘရိတ်အုပ်လိုက်ပါသည်။ပို၍ထူးဆန်း သည်များရှိပါသော်လည်းမရေးတော့ပါ။

ကျွန်မဆက်၍ tagging လုပ်လိုသည့် ဘလော့ကာ သုံးဦးမှာ
(၁) အိမွန်စိုး

(၂)ပန်ဒိုရာ

(၃) စိုးဇေယျ

ဒီသုံးဦးကိုတစ်ယောက်ယောက်က tagging လုပ်ပြီးသားဆိုရင်လည်းပြောကြပါဦးဗျို့။ volleyball တော့ပုတ်ထဲ့လိုက်ပြီ။

No comments: