Sunday, April 29, 2007

ဘလာဂေါက်ရဲ့မဆန်းမပြားအကျင့်များ


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ဘလာဂေါက် ဖြစ်ပါတယ်။

လူတွေထဲကလူတွေဘဲလေ။ဒီတော့ထူးရင်ထူးမထူးရင်ရူးပြီမှတ်။အောက်ပါ
အချက်တွေကတော့ဘယ်သူစမီးမွှေးမှန်းမသိရတဲ့ Tag လှိုင်းကိုဘာညာရဲ့
အချွန်နဲ့မမှု့တွေကြောင့်တောမေတ္တာခံယူမယ့်ဘလာဂေါက်တော့ရတက်ပွေ
ခက်မနေဘဲဆက်လေဟလို့သို့ကလိုပေါပြလိုက်ရပါတော့သတည်း။


၁။လဘာဂေါက်သည်ပထမထူးခြားချက်အနေနဲ့အင်မတန်ပစိပစပ်များ၏။
အိမ်မှမိန်းမကတောင်ကျွန်တော်အပြင်သွားနေလျှင်အလွန်စိတ်ချမ်းသာကြောင်း
သူငယ်ချင်းများအားကြွားလေ့ရှိပါသည်။

၂။ဘလာဂေါက်အားမိန်းမချောလေးချောတယ်ဟုအပေါင်းအသင်းများကပြော
ကြသည်။(ကွယ်ရာတွင်ဂျီဘုန်းဟုပြောပါသည်။)

၃။အစားစားလျှင်အလွန်ဂျီးများပါတယ်၊သို့ပေမယ့်အရက်သောက်နေတုန်းဆို
အကုန်စားတယ်။

၎။ရှည်မြောမြော။မှောက်ရက်သွားသတ္တ၀ါများကိုမုန်းပါသည်။အထူးသဖြင့်
ဖွတ်နှင့်ဖား၊မြင်လိုက်လျှင်ရွံတတ်တယ်။အဲ-မိချောင်းတော့သဘောကျသား
၅။အရူးအထဆုံးကတော့ကွန်ပျူတာရှေ့မှာတကုတ်ကုတ်နဲ့နေရလျှင်၎-၅
၆နာရီအသာလေးနဲ့မထတော့။အိမ်မှာဆိုလဲထမင်းမေ့ဟင်းမေ့

၆။အပျင်းဆုံးအလုပ်ပြောပါဆိုကလေးထိန်းရမှာဘဲ၊ကလေးကငိုနေရင်အ
နေမတတ်တော့ဘူး၊ဒါပေမယ့်ကလေးချစ်တတ်တယ်။

၇။ရာသီပေါ်အသီး၊ဘာသီးညာသီးဘာမှမစား၊သရက်သီးကိုကြည့်မရ၊
ဖရဲသီးဆိုမုန်း၊ပဲခူးသခွားဆိုအနံ့မခံနိုင်ပါ။

၈။အလွန်ရှောင်သောအစာကတော့အချဉ်ပေါ့၊ဘယ်တော့မှအချင်ထည့်
မခံဘူး၊ဘာမှတ်လဲ။

၉။အကြိုက်ဆုံးကဒံပေါက်၊ယိုးဒယားအစားအစာ၊စပ်စပ်ပူပူတွေကြိုက်တာ
ဝေါ့ထွီစာတွေ၊မြောင်းဖုဒ်တွေလုံးဝမစား။ဥပမာ-ငါးရှဥ့်၊ ငါးဆားနယ်သုတ်

၁၀။ရေးသာရေးရတယ်ဘာတွေမှန်းမသိဘူးဒိအပြင်အများကြီးရှိတယ်။
ဘလောက်တွေလုပ်နေရတာပျော်တယ်။စပ်စုချင်သေးရင်အီးမေးပို့ပါ။

ဟဲဟဲပြီးပြီကွနောက်ထပ်ကိုကနေမမယ့်သူတွေကတော့--
မြန်မာအိုအေစစ်ဆိုတဲ့မစ္စတာပုဖ်
သတင်းထောက်ကြီးစိုးဇေယျ
သိပ်မခင်တဲ့ပန်းပွင့်လေးဘဲတော်ရေ့။


No comments: