Saturday, April 28, 2007

Tag ရဦးမယ်


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ ကျော်ဇေယျ ဖြစ်ပါတယ်။


ဒီရောဂါကလည် တော်တော် ထူးဆန်းတယ် ကိုတက်စလာ ဆိုတဲ့လူ စလိုက်တာနဲ့ တခြား Bloggerများပါ အကုန်လုံး တက်ကုန်ကျတော့တာဘဲ (တက်တယ် တက်တယ် ဆိုပြီး ခြေမတွေချည်းလိုက်ချိုးလိုက်ရရင် တော့ ဟင်း..ဟင်း) သာမညတောင် ဆရာတော်ဘုရားကြီးရဲ့ အိပ်မက်လိုဘဲ မဝေရင် ဘာဖြစ်မယ် ညာဖြစ်မယ် နဲ့ ခြိမ်းခြောက်လိုက်သေး၊ အင်းလေ သူတို့က Tag ဆိုတော့လဲ Tag ရတာပေါ့...

(၁) မျက်နှာမသစ် သွားမတိုက်ဘဲ မနက်စာ စားချင်စားတက်သည့် ကောင်လေးပါ
(အကြောင်းသိတဲ့ သူများဆို မနက်ပိုင်းဘယ်တော့မှ အိမ်လာလည်လေ့မရှိ ရွံလို့တဲ့ ဝေါ့....)

(၂) တစ်ခါတစ်လေများ လုံးဝ မသိသော အကြောင်းအရာ တစ်ခုကို သိချင်ယောင်ဆောင်ချင်လဲ
ဆောင်တတ်ပါတယ် (အပေါင်းအသင်းများကတော့ ငဖြီးတဲ့...ဟဲ ဟဲ)

(၃) အိမ်သာတက်တိုင်း ဆေးလိပ် မပါလျှင်မဖြစ်ပါ။ တစ်ခါတစ်လေများ ဆောင်းပါး တစ်ပုဒ်၊
ဝတ္ထု တစ်အုပ်ပြီးသည်အထိ ထိုင်ချင်လဲ ထိုင်နေတတ်တဲ့ကောင်လေးပါ...
(အနံ့ကောင်းရင် ကောင်းသလောက်ပေါ့...ဝေါ့ )

(၄) ဗီဒီယိုကြည့်တိုင်း သရဲကာများသာ အများဆုံးဝယ်ဖြစ်ပြီး သရဲလာသည့် အခန်းများဆို တီဗွီ
ကိုပိတ် DVD စက်ကို အလျင်မြန်ဆုံးသော Speed ဖြင့် ကျော်တက်လေသည်။
(သရဲဘော ကြောင်တာ ဟဲ ဟဲ...)

(၅) အပေါင်းအသင်းများက မိမိ ကို “အခြောက်” ဟု ခေါ်လျှင် အလွန်အင်မတန်မှ စိတ်ဆိုးတက်ပြီး၊
နွဲ့နွဲ့နှောင်းနှောင်း အပြုအမူများကို နှစ်ခြိုက်စွဲလန်းတက်သည်။
(လမ်းလျှောက်တာတောင်မှ ဆင်မယဉ်သာလေး...)

(၇) ထမင်းစားလျှင် အရည်သောက်ဟင်းမပါလျှင် ဘယ်တော့မှမစားတက်ပါ ထို့ကြောင့် ထမင်းပေါင်းအိုး
ဘယ်တော့မှ မ၀ယ်ပါ။
(ဗီတာမင်ဓါတ်များအောင်လို့ ထမင်းရည်နဲ့ချည်းမျှောချလိုက်တာဘဲ ဟဲ ဟဲ..)

(၈) ဘုရား၊ တရား ရိုသေကိုင်းရှိုင်းသလိုလိုနှင့် အများမြင်သာအောင် ဘုရားစင်ရှေ့ထိုင်ပြီး အော်ကြီးဟစ်
ကျယ် ရွတ်တက်ဖတ်တက်သည်။
(အမှန်ကတော့ သရဲကြောက်လို့...ဗျ...ဟီး..)

(၉) ဘောလုံးပွဲဆိုလျှင် အရူးအမူးစွဲလန်းလွန်းပြီး မိမိအားပေးသည့် အသင်းရှုံးပြီဆိုလျှင်တော့ ဘေးနားကလူ
နားမခံသအောင် ပြစ်တင် မြည်တွန် တောက်တီးတက်သည်။
(ရှုံးမှာကို ကြောက်တာ.......)

(၁၀) မိမိချစ်သောသူအား အရမ်းချစ်တတ်သလိုလိုနှင့် သူကွယ်ရာရောက်တိုင်း ကဲ ချင်သလို ကဲ တတ်သည်။
(ဟေ့...ပြန်မပြောကြနဲ့နော်..တော်ကြာ....သူသိသွားရင် မကောင်းဘူး...)


ဟား..ဟား...ကျနော့် အလှည့်တော့ပြီးသွားပြီ၊ နောက်ထပ် ခြောက်ယောက် ကိုတော့ မတက်ခိုင်းတော့ပါဘူး။
သုံးယောက်လောက်ဆိုလျှင်ဖြင့် လုံလောက်ပြီ ဟား..ဟား (နင် ပြီး နာ့ အလှည့်ပေါ့ကွာ၊ နင် ဘယ်ပြေးမလဲ)

၁။ ကိုနတ္ထိ
၂။ ကိုမျက်လုံး နှင့်
၃။ ကိုသန့်ဇင်အောင်

တို့ဖြစ်ပါတယ်ခင်ဗျား...

မှတ်ချက် ။ ။ ကိုတက်စလာ မှ Tag ခိုင်းသည် ကို မဂျစ်တူး မှာ Tag ဖို့ မေ့နေသဖြင့် ထမီစကတ်တုတ်၍ ချော်လဲ နဖူးကွဲသွားသည်။ နောက် သတိရရင် Tag လိုက်မှသာ ဘောင်းဘီဝတ်ပြီး လမ်းလျှောက်လို့ အဆင်ပြေသွားသည်။
ဘာညာဘာညာမှ Tag ခိုင်းသည်ကို ကိုရန်အောင်ကြီးမှာ လုံးဝ သောက်ဂရုမစိုက်သလို မ Tag ဘဲ နေသဖြင့် နီဂရိုးမ ခြောက်ယောက်၏ ၀ိုင်းအလုခြင်းကို ခံရဘူးသည်။ (ဟီ...ဘာတွေ ပါသွားသလဲ ဆိုတာတော့ သူ့ကို မေးကြည့်ကြနော်...)

No comments: