Sunday, April 29, 2007

ပုံမှန်မဟုတ်တဲ့ အကျင့်တွေ


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ မောင်လှ ဖြစ်ပါတယ်။

တက်ကြတာတွေ... ဘာတွေလဲ မသိဘူး လာတက်ကြတယ်... တက်ကြတဲ့ သူတွေ များနေပြီဆိုတော့ ရေးဦးမှပဲ...

1. ခုမှ စတွေ့သူကို ပြုံးပြဖို့ ဝန်လေးတတ်သည်... စိတ်မပါရင်လည်း မပြုံးပြတတ်... အဲဒီလောက် လူမှုရေး အလွန်တော်တာ...

2. မတွေ့တာ ကြာတဲ့သူဆို မမှတ်မိတတ်... လူ မြင်ဖူးပြီး နာမည် မမှတ်မိတာမျိုးတွေ ခဏ ခဏ ဖြစ်တတ်... အဲဒီလောက် မှတ်ဥာဏ် ကောင်းတာ....

3. ထမင်းစားလျှင် ဟင်းချီးများ၏... ထမင်းရော ဟင်းပါ ပူပူနွေးနွေးလေးမှ ကြိုက်၏...

4. ကလေး ကလား အရမ်းဆန်၏...

5. အအိပ်ကြီး၏... အိပ်နေတုန်း လာနှိုးလျှင်လည်း မကြိုက်ပေ...

6. သင်တန်းတွေလိုက်တက်ရမှာ ပျင်း၏... စာမေးပွဲ ဖြေရမှာလည်းပျင်း၏... ထို့ကြောင့် ပညာတိုးတက်မှု မရှိသောသူဟု ကိုယ့်ကိုကိုယ် သိ၏...

7. အလုပ်လုပ်ရင် နေ့ရွှေ့ ညရွှေ့... ပူလွန်းသည် အေးလွန်းသည် အကြောင်းပြတတ်၏... စိတ်ပါလျှင်တော့ ချက်ချင်းလုပ်တတ်သည်...

8. အခြောက်တွေကို မုန်း၏... လာလာကျူကြ လွန်းလို့...

9. အရက်မူးပြီး ရစ်ကြသူတွေကိုလည်း မုန်း၏... ဒါတွေ ဒါတွေကိုပဲ ထပ်ထပ် ပြောလွန်းလို့...

10. အရင်က နန္ဒာလှိုင် ကိုကြိုက်ခဲ့ဖူး၏... ပြီးတော သက်မွန်မြင့်... ယခုတော့ သင်ဇာဝင့်ကျော်ကို ကြိုက်နေ၏... ကြိုက်သော်ငြားလည်း သူမ လက်ထပ်ခွင့်တောင်းပါက စဉ်းစားကာ နေရဦးမည်...

ပြီးရော...


No comments: