Saturday, April 28, 2007

10 Weird things about Me


ဒီတစ်ခါ Tag လုပ်ခြင်းခံရသူကတော့ နေဘုန်းလတ် ဖြစ်ပါတယ်။


ညီညီ(သံလွင်)က ကျွန်တော့်ကိုလာ tag တယ်။ ဘာရယ် ညာရယ် တော့မဟုတ်ပါဘူး။ ဒါပေမယ့် ပျော်စရာကောင်းတယ်။ ကိုယ့်အားနည်း ချက်အချို့ကို ဖော်ထုတ်ပြသလိုဖြစ်ပေမယ့် ... သူငယ်ချင်းတွေကို ယုံကြည်စိတ်ချစွာနဲ့ပဲ ဖွင့်ဟလိုက်တယ်။ ကဲ ... အားလုံး ရှုစားတော်မူစေသော် ...

၁။ အရမ်းအားနာတတ်တယ် (မိန်းကလေးမဟုတ်လို့တော်သေး ... အားနာတိုင်းခါးပါမသွားလို့၊ ဒါပေမယ့် ပေးလိုက်ရတာတွေတော့ရှိတယ်။)

၂။ ဘောနဲ့ ကောင်မလေးဆိုရင် ဘောကိုဦးစားပေးတတ်တယ်။ (ဘောဆိုတာ ဘောလုံးပွဲကိုပြောတာနော်၊ ဘောပွဲက လွတ်သွားလို့ ကိုယ့်ကိုပြန်ကန်ပြမှာမှမဟုတ်တာ။)

၃။ အကူအညီလာတောင်းလို့ကတော့ ခေါင်းခါဖို့အရမ်းဝန်လေးတတ်တယ်။ (နောက်မှ ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်သူလို တဗွမ်းဗွမ်းနဲ့ ... )

၎။ တစ်နေ့လာလဲဒါ တစ်နေ့လာလဲဒါ ဆိုတဲ့အလုပ်မျိုးကို ငြီးငွေ့တတ်တယ်။ (အခုတော့ ဆိုင်ကဗိုင်းရပ်တွေလိုက်သတ်နေရတာ တစ်နေ့တစ်မျိုး လက်ကိုမလည်ရဘူး)

၅။ ဒီတစ်ခုက ညီညီနဲ့နဲနဲဆင်တယ်၊ ဂဏန်းလေးလုံးပါတဲ့ ကားနံပါတ်တွေမြင်တိုင်း လိုနေတဲ့ တစ်လုံးကိုဖြည့်ပြီး ဘူကြီးလိုက်တွဲတတ်တယ်။ (ဒါတောင် အချို့ကားနံပါတ်တွေက ကြိုက်တဲ့ တစ်လုံးထပ်ထည့်တာတောင် ဘူကြီးမဖြစ်ဘူး။ ဥပမာ။ ။ ၃၉၆၀ )

၆။ မဂ္ဂဇင်းတွေကို အနောက်ဖက်ဆုံးစာမျက်နှာကနေစဖတ်တတ်တယ်။ (ပုံတွေပဲများလို့ထင်တယ် ဖတ်ရတာအဆင်ပြေပါတယ်)

၇။ စိတ်အရမ်းညစ်တဲ့အခါကျရင် ဟမ်းဖုန်းကြီးလဲပိတ်၊ မေးလ်တွေဘာတွေလဲ မစစ်တော့ပဲ လုပ်ချင်ရာတွေလျှောက်လုပ်တတ်တယ်။ (မကောင်းတာတော့ မလုပ်ပါဘူး၊ ကောင်းတာလေးတွေပဲရွေးလုပ်တာ။)

၈။ ကိန်းဂဏန်းတွေကို မှတ်တဲ့ မှတ်ဥာဏ်နဲနဲချို့ယွင်းနေတယ်။
( ကောင်မလေးရဲ့ မွေးနေ့ကို မမှတ်မိလို့ ပြဿနာတတ်တာအခါခါပဲ)

၉။ နောက်နေ့ရွှေ့လိုရသောအလုပ်ကို ဒီနေ့မလုပ်ပါနှင့်ဆိုတဲ့ စကားကို လက်ကိုင်ထားတယ်။ (အဲဒီ့လို ပျင်းတာ)

၁၀။ တစ်ခုခုကို အမိန့်ပေးတဲ့လေသံမျိုးနဲ့ပြောရင် သောက်တလွဲတွေပဲ ရွဲ့ပြီးလျှောက်လုပ်တတ်တယ်။ ( အဲဒီ့လို လွတ်လပ်မှုကို မြတ်နိုးတာ)

ဘယ်သူ့ကို ပြန်tag ရမှန်းလဲမသိဘူး။ အားလုံးက tag ခံထားရပြီးသားသူတွေဖြစ်နေရင် ဒုက္ခ။ နဲနဲပျင်းလိုက်မယ်ဗျာ စည်းကမ်း ဖောက်တာတော့မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှမ tag တော့ဘူး။

No comments: